🐹အခန်း ၇၆
ဝူယိလေးနှင့် အခြေစိုက်စခန်းမှ မိတ်ဆွေများ ပြန်လည်ဆုံစည်းခြင်းနျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် အခြားသူများမှာ ထိုစိတ်ဝင်စားစရာကောင်းပြီး တက်ကြွနေသော မြင်ကွင်းကိုကြည့်ကာ မအောင့်နိုင်ဘဲ သူတို့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ဖြတ်ခနဲ ဖြစ်ပေါ်လာကြသည်။ ပြီးနောက် သူတို့အားလုံး လက်ရှိနေရာတွင် အေးအေးလူလူ ရပ်နေကြကာ စခန်းအတွင်းထဲရှိ လမ်းတည်ဆောက်ပုံများကို စိတ်ဝင်စားစွာကြည့်နေမိသည်။
စစ်ဆေးရန်မလိုတော့ဟု ကြားလိုက်ရသည့်အချိန်မှသာ ပိုင်မေ့စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ခဏအကြာတွင် လောယွင်ဟိုင်နှင့် ပိုင်ယွဲ့တို့သည် သူ၏လက်များဆုပ်ကိုင်ထားပေးသည်ဟု ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ထိန်းချူပ်မရနိုင်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
အသက်ဝင်မှုများအပြည့်ဖြင့် စည်ကားနေသည့် အခြေစိုက်စခန်းတွင်းမှ မြင်ကွင်းကိုကြည့်ကာ မည်သူကမှ အေးအေးလူလူ မနေနိုင်ခဲ့ကြချေ။
“ ပေါင်ပေါင်း ပြန်ရောက်ပါပြီ..”
ရှောင်ဝူယိ နေရာတွင် ခုန်ပေါက်နေကာ လက်ကိုယမ်း၍ မနီးမဝေးမှ သူတို့အား နှုတ်ဆက်လာကြသူများကို ပြန်နှုတ်ဆက်နေခဲ့သည်။
ခဏအကြာတွင် ပို၍များသောလူများမှာ ရှောင်ဝူယိ၊ နျဲ့ရှောင်နှင့် ကျန်သူများကို မှတ်မိလာကြသည်။ ဟိုင်ချန်မှ ပြန်ရောက်လာသည့် သတင်းမှာ စခန်းအတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး အားလပ်ချိန်ရှိနေသည့် လူတိုင်းနီးပါး သူတို့ရှိရာသို့ ရောက်ချလာကြသည်။
ဝူဝမ်ချီနှင့် ဝူဝမ်ယွီတို့သည်လည်း သတင်းကြားသည်နှင့် အပြေးထလာကြသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူတို့၏ ခန္ဓာကိုယ်များကို စွမ်းရည်အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလိုက်ပြီး စခန်း၏ အလယ်ဗဟိုတွင် ရှိနေသော ဗီလာဝန်းမှ ပျောက်ကွယ်သွားခဲ့သည်။ ကျင့်သားရနေသည့် ကျောင်းအုပ်ကြီးယွမ်မှာမူ အဝေးတစ်နေရာမှ မြို့တံခါးဘက်သို့ လှမ်းကြည့်နေကာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေခဲ့သည်။
![](https://img.wattpad.com/cover/291408705-288-k391631.jpg)