Story Intro

2.9K 123 8
                                        

Intro

ရှောင်းကျန့် အဆုံးမရှိသည့် ဟင်းလင်းပြင်ကျယ်ကြီးထဲမှာ လွင့်မျောနေသည်..။ နေပါဦး.. သူက သေဆုံးသွားပြီမလား..။ ခုနကပဲ စော်အော်နဲ့ သူ့ဇနီးရယ်.. မြေးတွေရယ်ကို လိလိမ္မာမ္မာ နေရစ်ခဲ့ကြဖို့ မှာပြီး သွားနှင့်လေသူ ရိပေါ်နောက်ကို လိုက်ခဲ့တာမလား..။

သူ့ကိုယ်သူ ပြန်ငုံ့ကြည့်တော့ အသက်တရာကျော် အဖိုးကြီး ပုံစံပေါက်မနေပဲ ရိပေါ်နှင့်တွေ့စကလို အရွယ်ကို ပြန်ရောက်နေသည်..။

ဘာလဲ.. ဘာဖြစ်တာလဲ..။

"အရမ်း အံ့ဩနေပြီလား"

အသံလာရာကို မော့ကြည့်လိုက်တော့ အနက်နှင့် အနီရောင်ဝတ်ရုံ ဝတ်ထားသည့် လူတယောက်..။ ရုပ်ရည်က သူနှင့် ခပ်ဆင်ဆင်..။ ထိုလူက ကြာစေ့များကို လေထဲမြှောက်ကာ ကစားနေသည်..။

"ခင်ဗျားက ဘယ်သူလဲ"

"ငါက ကံကြမ္မာ နတ်ဘုရားပဲ"

‌လာနောက်နေတာလားဟ..။

"ခင်ဗျား ကြည့်ရတာ.. နတ်ဘုရားရုပ်လည်း မပေါက်ဘူး"

ဝေ့ဝူရှန့် နင်သွားသည်..။ ဒီလူသားက စော်စော်ကားကားပါလား..။ သူ့ဘက်က အမှားရှိနေလို့သာပေါ့..။

"အဟမ်း.. တကယ်ပါကွ.. ငါက ကံကြမ္မာ နတ်ဘုရား ဝေ့ဝူရှန့်"

"ဟင်.. ခင်ဗျားက ရီလင်းလောင်ဇူ ဝေ့ဝူရှန့်လား"

အမယ်.. ဒီလိုတော့လည်း ဒီဖေကိုယ်က နာမည်ကြီးသားပဲ..။

"ဟုတ်တယ်.. မင်း ငါ့ကို သိတယ်ပေါ့"

"သိတာမှ ခင်ဗျားဘဝတစ်ခုလုံးကို သိတာ.. ခင်ဗျားက ရွှေအမြုတေ မရှိပဲ ဘယ်လိုလုပ် နတ်ဘုရား ဖြစ်... ဪ.. သိပြီ သိပြီ.. မော့ရွှမ်းယွီက ရွှေအမြုတေ ရှိတာပဲ"

ဟ.. ဒီကောင်လေး တကယ်ကြီး အကုန်သိတာဟ..။

"မင်းက ဘယ်လိုလုပ် သိတာလဲ.."

"ခင်ဗျားတို့အကြောင်း စာအုပ်၊ ဇာတ်ကား၊ Donghwa၊ Manhwa အကုန် ထွက်တယ်"

"ဟတ်လား.. ငါတို့အကြောင်းအကုန်လုံး သိတာလား"

"သိပါ့.. ခင်ဗျားနဲ့ ဟန်ကွမ်းကျွင်း ပါပါပါးတဲ့ အကြောင်းတောင် သိတယ်.. ခင်ဗျား ပီချန်ကို ယူပြီး__"

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now