Part - 22

1.4K 80 37
                                        

Part - 22

"ပြောပါဦး ရှောင်းကျန့်.. နင်တို့ ဘယ်တုန်းကတည်းက ကြိုက်နေတာလဲ"

"အရင်တခါ ငါပြောတဲ့ လုပ်ကြံမှုကတည်းကပဲ"

ပိုင်ရှန်းကော်က..

"ဝမ်းနည်းဝမ်းသာ ပါပဲဟာ.. ဝမ်းသာတာ ငါ့သူငယ်ချင်းလေး ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်လို့.. ဝမ်းနည်းတာက ငါ့ရဲ့ techniqueသုံးခုတောင် မသုံးလိုက်ရဘူး"

"သုံးခုတောင် ကျန်သေးတာလား.. ဘာတွေတုန်း"

"တခုက သင့် ခရက်ရှ်နဲ့ ထူးခြားတာလေးတွေ တိုက်ဆိုင်မှု ရှိပါစေတဲ့.. ဥပမာ ငှက်ကြည့် ဝါသနာပါတာတို့ ဘာတို့ပေါ့"

ထူးထူးခြားခြားတိုက်ဆိုင်တာကတော့ မရှိဘူးထင်တယ်..။ ငှက်တော့ မကြည့်ချင်ပါဘူး.. ဟွာပဲ ကြည့်ချင်တယ်.. ဟွာလေ.. ကာတွန်းကား ကာတွန်းကား...

"နောက်တခုကကျ သင့် ခရက်ရှ်နဲ့ skin ship လေးတွေ လုပ်ပါတဲ့.. အသားချင်း မထိတထိဆိုတော့ ရင်ခုန်သံတွေ မြန်တာပေါ့ဟယ်"

အသားချင်းက မထိတထိစရာ မလိုတော့ဘူး.. သူ့အသာချောင်းကြီးက ငါ့ထဲတောင်ဝင်.. အဲ.. ဒီအထိတော့ ပြောပြစရာ မလိုတော့ပါဘူးလေ..

"နောက်ဆုံးတခုက သင့်ခရက်ရှ်နဲ့ အချိန်တော်တော်များများ အတူရှိနေပါစေတဲ့"

ဒါတော့ လိုအပ်တယ်.. ခုတလော မောင်က လုပ်ကြံသူနောက် လိုက်နေရတာနဲ့ သူတို့ တွေ့ရတဲ့အချိန် နည်းလာပြီ..။ ပြောရင်း မောင့်ကို သတိရသွားပြီ ဖုန်းဆက်ဦးမှပဲ..။

"တူ.... တူ... တူ..."

"ဟဲလို ပေါင်ပေါင်း"

"မောင်... ဘယ်မှာလဲ"

"မောင်အခု ဟိုတယောက် လှုပ်ရှားလာပြီကြားလို့ ကားနဲ့ သူ့ဆီကို သွားနေတာ"

"ဟုတ်လားမောင်.. ဂရုစိုက်နော်.. အာ့ဆို မနှောင့်ယှက်တော့ဘူး"

ရှောင်းကျန့် ဖုန်းကို ပြန်ချလိုက်သည်..။ မောင် အဆင်မှ ပြေပါ့မလား..။ ဒီတခေါက်လဲ အရင်အခေါက်တွေလို ဘာမှမဟုတ်ပဲ ပြန်လာခဲ့ရမလား မသိဘူး..။ သူဖုန်းကို ရည်ရွယ်ချက်မရှိပဲ လျှောက်ပွတ်နေမိသည်..။

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now