Part - 18

1.5K 102 43
                                        

Part (18)

ဘာဖြစ်လဲ..။ Black card တခု ရလာတာ အမြတ်ပဲ..။ ဗိုက်ကားအောင် စားပစ်လိုက်မယ်..။

ထိုလူက ရှောင်းကျန့် သက်တော်စောင့်များထဲမှ တယောက်..။ သရုပ်ဆောင်ကတော့ အကယ်ဒမီရှုံးလောက်တယ်..။

"သခင်လေး.. ကျွန်တော် သရုပ်ဆောင်တာ တော်လား.. ဟိဟိ"

"အေး.. မင်းတော်တယ်.. မင်းကို ဆိုင်ကယ် အသစ်ချပ်ကျွတ် တစီးဝယ်ပေးမယ်"

"သခင်လေးကလည်း.. ဟို ပျက်သွားတဲ့ ဆိုင်ကယ်ကလည်း သခင်လေးပဲ ဝယ်ပေးထားတာလေ.. အဲ့ဒါလေးပဲ ပြင်သုံးလိုက်ပါမယ်"

"ဒီကတ်က မင်းအစွမ်းအစကြောင့် ရလာတာပဲ.. သုံးသာသုံး.. မင်းဆိုင်ကယ် ဝယ်ပြီးရင်သာ ငါ့ကို မုန့်ဝယ်ကျွေးဦး"

သက်တော်စောင့်က ဝမ်းသာအားရ ခေါင်းငြိမ့်သည်..။ ငါတို့သခင်လေး အကောင်းဆုံးပဲ..။

"ဟုတ်ကဲ့ ခင်ဗျ.. ဟုတ်ကဲ့ပါ ခင်ဗျ"

သက်တော်စောင့် ထွက်သွားတော့ လဲ့အာက မေးလာသည်..။

"နင့်ရဲ့ လျိုမေ့ကားပေါ် GPSတပ်မယ့် မဟာအကြံအစည်ကြီး မဖြစ်မြောက်သွားတော့ ဘယ်လိုလုပ်မလဲ ပြောပါဦး"

"အေးဆေးပါ.. ရှောင်ရှောင်းကျန့်တဲ့.. ငါကြံရင် တချက်ပဲ.. အခုတော့ အေးဆေး မုန့်တွေသာ စားလိုက်"

ပြောပြီး တခုပြီး တခုမှာနေလိုက်တာ.. Black card limit ထိသွားတဲ့အထိ..။ အစားအသောက်တွေကော အဝတ်အထည်တွေကော..။ သူမတို့ကို Gucci အိတ် တယောက်တလုံးစီ ပေးသေးသည်..။ ပြီးတော့ ရိပေါ်ဖို့ကောတဲ့..။

"ဟဲ့.. ရိပေါ် ဆိုမှ သတိရတယ်.. ခုချိန်က နံပတ် (၈) ကို အကောင်အထည်ဖို့ အကောင်းဆုံး အချိန်ပဲ"

***

(၈) သင့် Crushနှင့် ဆင်တူဝတ်ပါ

"ဒါကြီးက နံပတ်၇နဲ့ အတူတူပဲ မဟုတ်ဘူးလား"

"မတူဘူးဟဲ့... ဟိုဟာက အပြုအမူကို အတုခိုးခိုင်းတာ.. ဒါက ဆင်တူဝတ်ခိုင်းတာ.. ယတြာချေတဲ့သဘောပေါ့ဟယ်.. နောင် coupleတွေ ဖြစ်လာရင် couple shirt တွေ ဝတ်ရမှာပဲ"

နောင်မဟုတ်ဘူး မောင်နဲ့ အခုဖြစ်နေပြီ..။ ဟိ..။

"ဟဲ့.. သွားကြီးစိပြီး ကြည်နူးမနေနဲ့.. ငါပြောတာကြားလား"

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now