Part - (20)
"ဖြောင်း!!"
"အာ့!!"
"နောက်ကိုဆိုးဦးမှာလား"
"မ.. မဆိုးတော့ဘူး... အင့်"
"ဖြောင်း"
"အား!!"
"နောက်ကို ကိုယ့်အပိုင်ကို သူများကို ပြဦးမှာလား"
"မပြတော့ဘူး.. မပြတော့ဘူးလို့!!"
ဝူးဝူး.. ဝမ်ရိပေါ်က သူသိတဲ့ အရင် ရိပေါ် မဟုတ်တော့ဘူး...။ ဝူး.. သူ့ကို ရိုက်တယ်..။ နှိပ်စက်တယ်..။ ဝူး.. မချစ်တော့ဘူး..။
ဝမ်ရိပေါ်က လက်ထဲမှ ကြိမ်လုံးကို တင်ပါးပေါ် နောက်တကြိမ်လွှဲရိုက်လိုက်သည်..။
"ဖြောင်း!!"
ဒီတခါတော့ ရှောင်းကျန့်မှာ အသံမထွက်နိုင်တော့..။ ခေါင်းအုံးပေါ် မှောက်ကျပြီး ပခုံးလေးတွေ တသိမ့်သိမ့်လှုပ်ကာ ငိုနေသည်..။
ဒီကြောင်ဆိုးလေး မှတ်သွားပြီထင်တယ်..။
ခုထိ ကြောင်ဝတ်စုံက မချွတ်ရသေး..။ ခန်းမထဲမှာ တပွဲလောက်က,ပြီးသည်နှင့် ရှောင်းကျန့်ကို သူတန်း အိမ်ပြန်ခေါ်လာတာ..။ အိမ်ပြန်ရောက်တာနဲ့ အိပ်ရာပေါ်မှာ မှောက်ခိုင်းပြီး ခြေထိပ်လက်ထိပ်တွေ ခတ်ထားတာ..။
အဆိုးလေးကတော့ အစက သူစ,နေတယ်မှတ်တာ..။ သူ့မျက်နှာ တည်နေတာကို ကြည့်ပြီးမှ ကြောက်သွားတာ..။
တကယ်ဆိုးတယ်.. တကယ်ဆိုးတယ်.. ဒီဟာလေးနဲ့ ရှေ့လျှောက် ဘယ်လိုလုပ်ရပါ့မလဲ..။
အရှိုးရာတွေ ထင်နေသော တင်ပါးလေးကို ဝမ်ရိပေါ် ညှစ်လိုက်တော့ ကိုယ်လုံးလေးက တွန့်ကနဲ..။
"မောင့်ကို စိတ်ဆိုးနေတာလား"
"အီး... မောင်က ရိုက်တာ.."
"စိတ်မဆိုးနဲ့တော့လာ.. မောင့်ကိုဖက်ပါဦး"
ဝမ်ရိပေါ်က ကုတင်တိုင်နဲ့ တွဲခတ်ထားသော လက်ထိပ်ကိုဖြည်ပြီး သူ့ကို ဖက်စေသည်..။ လက်ထိပ်ကိုတော့ မဖြုတ်..။ အနေအထားက သူတို့နှစ်ယောက်လုံးထိုင်လျက်သား..။ လည်ပတ်တပ်ထားသော လည်ပင်းလေးကို နမ်းရှိုက်လိုက်တော့ မွှေးနေတာပဲ..။ နှုတ်ခမ်းတွေကိုပါ နမ်းချင်စိတ်ပေါက်လာတော့ အဆိုးလေးက စိတ်ဆိုးမပြေသေးသလို ရှောင်သွားသည်..။

ВЫ ЧИТАЕТЕ
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Юморအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..