Part (11)
"Happy Birthday ရိပေါ်!!"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဝမ်ရိပေါ် မျက်နှာက ရှုံ့မဲ့မဲ့..။ ဒီဝက်ပေါက်စလေးတွေက ဘာတုန်း..။ သူက ကျားသစ်လေ..။ ကျားသစ်ကိုမှ ကျားသစ်နက်..။ ဒါပေမယ့် သူ့feedbackကို မျက်လုံးတောက်တောက်လေးများနှင့် စောင့်မျှော်နေသော ယုန်ပိစိကို သူ မလွန်ဆန်နိုင်..။
"ချစ်.. ချစ်စရာလေးပဲ"
နေရာက ရိုမန်တစ်ဆန်သော ကော်ဖီဆိုင်လေး တခုမှာ..။ ရိုမန်တစ်ဆန်ဆန် ဆိုင်လေးနဲ့ မအပ်စပ်တာကတော့ ဆိုင်အတွင်းအပြင်နဲ့ ကားပါကင်မှာ နေရာယူထားတဲ့ ဝတ်စုံနက် မျက်မှန်မည်းနဲ့လူတွေပဲ..။
ကော်ဖီဆိုင်က ဝန်ထမ်းလေးတွေ စိတ်ညစ်နေပါပြီ..။ ငါတို့ဆိုင်လေးက ဂိုဏ်းစတားတွေ အရောင်းအဝယ်လုပ်တဲ့ နေရာလားဘာလား..။
ဆိုင်ရှေ့ကို ကားတစင်း ထိုးဆိုက်လာပြီး ကားပေါ်မှ အတွဲတတွဲ ဆင်းလာသည်..။ လက်ကလေးကိုင်ကာ ကြည်ကြည်နူးနူး စကားတွေ ပြောလာသော အတွဲက ဆိုင်ပေါက်ဝမှာ အသင့်အနေအထားနှင့် ရပ်စောင့်နေသော လူတွေကို မြင်တော့ တုံ့ကနဲ..။
"မောင်.. မောင်ရေ"
"ဆိုင်ပြောင်းကြမယ် ချစ်"
ဟုတ်တယ်လေ..။ မတော် ပစ်ကြခတ်ကြဆိုရင် အသက်အပိုမပါဘူး..။
သက်တော်စောင့်နှစ်ယောက် တယောက်မျက်နှာ တယောက် ကြည့်မိကြသည်..။ ဒီဘက်မှာ ရပ်နေတာ ရှောင်းအိမ်က.. ဟိုဘက်မှာ ရပ်နေတာ ဝမ်အိမ်က..။ နှစ်ဖက်သား တည့်တာလဲ မဟုတ် မတည့်တာလဲ မဟုတ်..။ ဘယ်လို ပြောရမလဲ.. နှမလင်နေ မောင်ဖင်ကျိန်းဆိုတာ ရှိတယ်မလား..။ ခုတော့ သခင်လေး လင်ငယ်နေ အဲ...လင်နေ သူတို့ဖင်ကျိန်း.. အဲ.. သိပ်တော့ မဆိုင်ဘူး..။ မသိဘူး.. ကသိကအောင့်လေးတော့ ဖြစ်တယ်..။

YOU ARE READING
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Humorအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..