Part - 13

1.5K 114 31
                                        

Part - (13)

ဝမ်ရိပေါ် တညလုံး အိပ်မရ..။ ချာကနဲ လှည့်ထွက်သွားသော ယုန်ပိစိ၏ ကျောပြင်သေးသေးလေးက သူ့မျက်စိထဲမှာ စွဲနေသည်..။ လက်ထဲက Starbucks ကိုလည်း ဘယ်လို လွှတ်ချမိမှန်းမသိတော့..။ လျိုမေ့ကိုလည်း ဘာတွေ ဘယ်လိုပြောခဲ့မိမှန်း မသိတော့..။

ဖြစ်ချင်တော့ သူ ယုန်ပိစိနောက် လိုက်မလို့ မွင်းငါးချိုင့်တွေ ပြန်ကောက်ပြီး စီနေစဉ်မှာပဲ ယုန်ပိစိက ပျောက်သွားတာ..။ ဒီလိုမှန်းသိရင် အဲ့ဥကို ဖယ်ပြီး ယုန်ပိစိတိုက်တဲ့ မွင်းငါးတွေ သောက်လိုက်ပါတယ်..။

ခုတော့ အိမ်မှာ ပေပွနေတဲ့ မွင်းငါးချိုင့်တွေကို ဆေးရင်း ဝမ်ရိပေါ် ဆွေးနေရပြီ..။ ကျန့်ကော.. ကျွန်တော်တို့ ဒီလိုနဲ့ ဝေးကြရတော့မှာလား ကောရယ်..။

ကျန့်ကောရဲ့ စောင်တလွဲတွေကို မမြင်ရတဲ့ မနက်ခင်းတွေဟာ လှပမနေဘူး..။ ဟိုင်း စားပြီးပြီလားလို့ ဖန်တရာတေနေတဲ့ messageလေး messenger မှာ တက်မလာတော့ ရင်ထဲမှာဟာနေတယ်..။ ကျွန်တော့် သက်တော်စောင့်တွေနဲ့ ရန်ဖြစ်နေကျ ကျန့်ကောရဲ့ အူကြောင်ကြောင်ကောင်တွေကို မတွေ့ရတော့ တမျိုးကြီးပဲ...။

ကျွန်တော့် သက်တော်စောင့်တွေတောင် ကျန့်ကော တရက် ကျွန်တော့်အနား မရှိတာနဲ့ ပျင်းနေကြပြီ..။ "ရှောင်းသခင်လေးကော ရှောင်းသခင်လေးကော"နဲ့..။

မနက်ဖြန်ကျ ကျန့်ကောကို တောင်းပန်မယ်.. ကျန့်ကော ဘာတိုက်တိုက် သောက်မယ်..။ ဘာဥနေနေ အလုံးလိုက်မျိုချမယ်.. ကျန့်ကော..။ ဒါ တီတီတာတာ မပြောတတ်တဲ့ ကျွန်တော့်အနေနဲ့ ကျန့်ကောအပေါ် ထားတဲ့ မေတ္တာတွေပါ...။

မနက်မိုးလင်းတော့ ဝမ်ရိပေါ် မျက်တွင်းဟောက်ပက်နှင့် ထမင်းစားခန်းထဲ ဝင်လာသည်...။ ထမင်းစားပွဲမှာ ရှူးရှူးရှဲရှဲ ဖြစ်နေသူက သူ့ပါး..။ ဘေးမှာက... ယုန်ပိစိ?????

ဝမ်ရိပေါ် ခေါင်းထဲ Question mark တွေ ဝေသွားသည်..။ ပါးက ဘာလို့ ရှူးရှူးရှဲရှဲ ဖြစ်နေတာလဲ.. ကျန့်ကောကကော ဘာလို့ ဒီကို စောစောစီးစီး ရောက်နေတာလဲ..။ ဧကန္တ.. ကျန့်ကော စောင်တလွဲ လုပ်ပြီး ပါးရဲ့ ဒေါသကို သွားဆွမိတာလား..။

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now