Part (9)

1.6K 111 79
                                        

Part (9)

ကလောင်..

ဟော.. နိုတီတက်ပြီ..။ ရိပေါ်လေး ဘာ post တင်တာပါလိမ့်..။

ဟင်.. ခေါင်းငြိမ့်နေတဲ့ ပုတ်သင်ညိုကြီးပဲ..။ ကိုယ်က အဲ့ဒါကို အီစီကလီပုံပေါက်အောင် ဘယ်လိုမန့်ရမှာလဲ..။

ပုတ်သင်ညို ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိမ့် ခေါင်းညိမ့် ဒါနဲ့ စကားမစပ် ကိုယ်က ယင်မ,တောင် မသမ်းဖူးတဲ့ လူပျိုစင်လေးပါလို့ သွားမန့်ရင် ကောင်းမလား..

ဟိုး နှစ်ပေါင်းတထောင်ကျော်ကြာက ရှီးပေနယ်စား ဝမ်ရိပေါ်နဲ့ ဒချိခဲ့ဖူးတာကျ အကြုံးဝင်လားဟင်..။ ငါက လူပျိုလား လူပြိုလား..။

ဒီပုတ်သင်ညိုလေးက အဖော်ကြေငြာထဲက အကောင်လေးနဲ့ တူတယ်နော်.. စကားမစပ် အဖော် အတူတူသုံးရအောင်ဆိုရင်ကော..။ ဒဲ့ကြီး ဖြစ်သွားမလား..။

ဪ.. လိုင်းပေါ်က ဖလစ်ရတာ ခက်လိုက်တာ လူတွေရယ်.. ခုခေတ်ကလေးတွေ ဖုန်းတကိုင်ကိုင်ပေမယ့် ရည်းစားမရတာ ငါ မအံ့ဩတော့ပါဘူး..။

ဒါနဲ့ သူများတွေ ဘယ်လိုမန့်လဲ သွားချောင်းဦးမှ..။

ဟင်း... ပုတ်သင်ညိုပုံကျ updateပေးပြီး selca update မပေးလို့ ဝိုင်းဆူနေကြတာပဲ..။ ပေးချင်မှ ပေးမှာပေါ့..။ ဒါ သူ့ရဲ့ လူ့အခွင့်အရေးပဲဟာ..။

ကဲ မန့်လိုက်မယ်..

မုန်လာဥကြိုက်သော ယုန်လုံးလေး :  ပုတ်သင်ညိုလေးကလည်း ရိပေါ်လေးလို ချစ်စရာလေး.. 🤭

ဟင်းဟင်း.. ရိပေါ်လေးတော့ ရင်တွေခုန်နေတော့မှာပဲ..

ရှောင်းကျန့်တယောက် ကိုယ့်အတွေးနဲ့ကိုယ် ကျေမပ်ကြည်နူးပြီး ရေသွားချိုးသည်..။ သူပြန်လာတော့ notiတွေ အများကြီး တက်နေသည်..။ သူ့ကို mention ပြီး ဘလိမ်းထားတာတွေ..။

ဝမ်ရိပေါ်ရဲ့ နှပ်ချေးဖတ်လေး :  ငါတို့ ရိပေါ်ကိုများ ပုတ်သင်ညိုနဲ့ တူစရာလား တူစရာလား..

ငါ့ကိုကိုက ever top :  အပေါ်က ဘဒိုရေ... ရိပေါ်ကောက ချစ်စရာမဟုတ်ပါဘူး.. ဘယ်လိုသောက်လုံးနဲ့များ ပြောလိုက်တာပါလိမ့်.. ခန့်ညားချောမောတာပါနော်..

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now