Part - 15

1.8K 116 68
                                        

Part - 15

Mild warning

ကြီးမားသော မွေ့ယာကြီးပေါ်မှာ ရှောင်းကျန့် ထိုင်နေသည်..။ ရိပေါ်လေးလား... ရိပေါ်လေးက ရေချိုးပြီးရင် ဝတ်ဖို့ သူတို့နှစ်ယောက်အတွက် အဝတ်အစားရှာနေသည်..။ ဟုတ်တယ်.. သူတို့ ခု ရေချိုးမို့..။ ဒီလောက် ဖုန်တွေသဲတွေ ချွေးတွေနဲ့ စေးကပ်နေတာ.. ရေမချိုးလို့ ဖြစ်မလား..။ ဟုတ်တယ်.. ရိပေါ်လေးကို သူပဲ ရေချိုးပေးရမှာ..။ ဆရာဝန်က အလုပ်ပင်ပင်ပန်းပန်းမလုပ်ဖို့ မှာလိုက်တယ်လေ..။ ဆရာဝန်စကားဆိုတာ နားထောင်ရတယ် ကျယ်မေ့တို့..။

ရေချိုးတာ ပင်ပန်းလားလို့ လာမမေးနဲ့..။ ရေခွက်မြှောက်ရတယ်လေ..။ လက်ကို အားစိုက်ရတယ်..။

ရေပန်းမရှိဘူးလား ဟုတ်လား..။ ရေပန်းရှိလဲ ဆပ်ပြာ ဘယ်သူတိုက်ပေးမှာတုန်း..။ လက်ကို မလှုပ်ရဘူးလေ..။

တော်.. တန်... တိတ်..။ ဘာမှ ထပ်မမေးနဲ့တော့..။ ဒီနေ့ ရိပေါ်လေး ရေချိုးကို ချိုးရမယ်..။ ချိုးပေးမယ့်သူကလည်း ငါ ဖြစ်ကိုဖြစ်ရမယ်..။ ပြန်ပါ ကျန့်ကောရယ်.. ပြန်ပါဗျာ လို့ ရိပေါ်လေးက ငိုသံကြီးနဲ့ ပြောလာရင်တောင် ငါကတော့ မပြန်ဘူး..။

"ကျန့်ကော.. အဝတ်တွေရပြီနော်"

‌ယုန်ပိစိ သူ့အနား စွေ့ကနဲ ရောက်လာသဖြင့် ဝမ်ရိပေါ် လန့်တောင်သွားသည်..။

"အင်း အတူတူချိုးမယ်လေ.. လာ"

"အာ.. ရပါတယ်.. ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ__"

"ဘယ်ရမလဲ.. ဆရာဝန်က လှုပ်လှုပ်ရှားရှား မလုပ်ရဘူးလို့ ပြောထားတာကို.. လာ.. လာ.."

ဒီယုန်ပိစိက ယုန်ကြံ ကြံနေတာပဲ..။ ဆင်ကြံ မဟုတ်ဘူး.. ယုန်ကြံ..။ ယုန်ဦးနှောက်လေးနဲ့ နာချင်နေတာ..။

ရတယ်လေ.. ယုန်သား အဝစား ဘူဖေး ကျွေးနေတာကို ငြင်းရအောင် ဝမ်ရိပေါ်သည် ဥပုသ်စောင့်နေတာမဟုတ်..။

ရေချိုးခန်းထဲ နှစ်ယောက်သား ဝင်လာခဲ့ကြသည်..။ ရေချိုးခန်းကလည်း အကြီးကြီးပဲ..။ ငါးယောက်လောက် အတူတူ ချိုးလို့ရတယ်..။

"ကော.. ရေနွေး စပ်လိုက်မယ်နော် ရိပေါ်လေး"

ငါ ဘာလို့ ရင်တွေ ခုန်ပြီး လက်တွေ တုန်နေတာလဲ..။ စိတ်ထိန်းစမ်း ရှောင်းကျန့်..။ ဒါ မင်းရဲ့ အခွင့်အရေးပဲ..။ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်စမ်းပါ..။

ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာWhere stories live. Discover now