Part (4)
ပိုင်ရှန်းကော်ဆိုတာ ငါ့အဖေရဲ့ စီးပွားပြိုင်ဘက် မာဖီးယားရဲ့ သမီး မလား..။ သူက ငါ့ကို ဘာပြောချင်လို့တုန်း..။ ရန်စ,မလို့လား..။
ရှောင်းကျန့် နေကာမျက်မှန်ကို ချွတ်ပြီး ပေစောင်းစောင်းကြည့်လိုက်သည်..။ သူ့ ကိုယ်ရံတော်များကလည်း ကွယ်ရာမှနေ၍ အသင့်ပြင်ထားပြီးပြီ..။
"ဘာပြောမလို့လဲ"
"နင်... ဝမ်ရိပေါ်ကို လိုက်နေတာလား"
ဘာလဲ.. ဘာလို့ မေးတာလဲ..။ ငါ့ကို ရန်စ,ချင်လို့ ရိပေါ်လေးကို ငါ့လက်က လုယူမလို့လား..။ အန်သွဲ....။
"လိုက်တော့ ဘာဖြစ်လဲ"
မှုန်တေတေနှင့် ပိုင်ရှန်းကော်၏ မျက်နှာက လမင်းကြီးလို လင်းလက်သွားသည်..။
"ဟယ်.. တကယ်လား.. အဟိဟိ"
ဟင်..။ ဒီလို ထန်းလျက်ခဲကို သကာရည်လောင်းပြီး သကြားဖြူးထားတဲ့ မျက်နှာက ဘာကြီးလဲ..။ ရင်တောင် ကြပ်ချင်သလိုလို ဖြစ်သွားတယ်..။
"အ.. အေး.."
ပိုင်ရှန်းကော်က သူ့ကို လက်မောင်းမှ ဆွဲခေါ်သွားသည်..။ မေငိုး.. အားသန်လိုက်တာ..။ ရှောင်းကျန့်ခမျာ မရုန်းနိုင်ပဲ ယက်ကန်ယက်ကန်နှင့် ပါသွားရှာသည်..။ ဒါ...ဒါဘာလဲ..။ နေ့ခင်းေကြာင်တောင်ကြီး လူသတ်အလောင်းဖျောက်တော့မှာလား..။
ရှောင်းကျန့်၏ သက်တော်စောင့်များ အားလုံးကလည်း ဝုန်းကနဲ မတ်တပ်ရပ်လိုက်ကြသည်..။
"ဟေ့.. ကောင်မလေးကို လွှတ်လိုက်!!"
"မဟုတ်ဘူးလေ.. ဟျောင့်.. ကောင်မလေးက ဆွဲသွားတာလေ"
"ဪ...အေး.. ဟုတ်သားပဲ.. ဟေ့ကောင်မလေး.. လွှတ်လိုက်!!"
ပိုင်ရှန်းကော်က ရှောင်းကျန့်ကို ဝက်သစ်ချပင်ကြီးအောက်က ခုံတန်းလေးမှာ ထိုင်ခိုင်းသည်..။ နောက်က ဝရုန်းသုန်းကား ပြေးလာကြသော သက်တော်စောင့်တွေလည်း အရှိန်တန့်ကုန်ကြသည်..။
"ဟဲ့.. နင်တို့သခင်လေးကို ငါ ဘာမှ မလုပ်ဘူး.. ကူညီပေးမလို့"
"နင်က ဘာကူညီပေးမှာတုန်း"

YOU ARE READING
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Humorအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..