Part - 21
ရှောင်းကျန့်တို့ သုံးယောက်လုံး သတိအနေအထားဖြစ်သွားကြသည်..။ ဘာလဲ.. ရှင်းပစ်တော့မှာလား..။ မားရေ.. သားမသေချင်သေးဘူး..။ သား ယောကျာ်းယူဦးမှာလို့..။
ထို မိန်းမက ခနိုးခနဲ့ ရယ်သည်..။
"ဘာလဲ ငါပြောတာ မယုံဘူးလား"
"ကျွန်တော်တို့ ဒုက္ခရောက်မယ်မှန်း ခင်ဗျား ဘယ်လိုသိလဲ"
"ဟင်းဟင်း.. ငါ မသိတာမရှိဘူး.. ကောင်လေး.. မင်းတို့ ဒီကို လာတာ ငါ့ကို မေးစရာတွေ ရှိနေတယ်မလား.. မေးခွန်းသုံးခုကို ယွမ်ငါးထောင်"
ရှောင်းကျန့်တို့ သုံးယောက်သား မျက်လုံးပြူးသွားကြသည်..။
"မေးခွန်းသုံးခု ယွမ်ငါးထောင်ဆိုတာ မများလွန်းဘူးလား"
"မများပါဘူး.. ဒုတိယမေးခွန်း မေးလို့ရပြီ"
"ဟာ.. ဘာဆိုင်လို့လဲ ခုနကမေးတာ မဟုတ်သေးဘူးလေ.. ဒီတိုင်းဈေးဆစ်တာ"
ထိုစဉ် ခုနက မျက်နှာထား မာမာနှင့် လူထွားကြီးက သူတို့ဘေး လာရပ်ပြီး လက်ဆစ်တွေ တဂျွတ်ဂျွတ်ချိုးပြသည်..။ ကြောက်ဖုတ်ကောင်းလက်ထာ..။
"အဟမ်း.. ငါးထောင်ဆိုတော့လဲ ငါးထောင်ပေါ့.. ဒုတိယမေးခွန်းက ဒီကောင်မလေးကိုသိလား"
ရှောင်းကျန့်က လျိုမေ၏ပုံကို ထုတ်ပြရင်း မေးသည်..။ ထိုအမျိုးသမီးက တချက်ကြည့်ရင်းမှ..
"ဟိုတနေ့ကမှ လာသွားတဲ့ ကောင်မလေးပဲ.. သိတယ်"
"သူမ ဘာကိစ္စနဲ့ လာတာလဲ"
"အချစ်ရေး အဆင်မပြေလို့ လာအကူအညီတောင်းတာ.. "
သေချာနေပြီ..။ သေချာပေါက် ရိပေါ်ကို လိုချင်လို့ ငါတို့ကို သွေးခွဲဖို့ လုပ်ကြံခိုင်းတာပဲ ဖြစ်ရမယ်..။
"ဘယ်လို အကူအညီလဲ"
"မေးခွန်းသုံးခုပြည့်သွားပါပြီ.. ယွမ်ငါးထောင် ငွေသားနဲ့ဖြစ်ဖြစ် WeChat နဲ့ ဖြစ်ဖြစ် အရင်ရှင်းပေးပါ"
ရှောင်းကျန့် စူပုပ်ပုပ်နှင့် phone ထုတ်လိုက်သည်..။ ထိုစဉ် ဝုန်းကနဲ တံခါးဖွင့်သံနှင့်အတူ မျက်နှာမာနှင့် လူထွားကြီးက ရှေ့ကို မှောက်လျက်ကြီး ကျလာသည်..။

ВЫ ЧИТАЕТЕ
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Юморအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..