Part - (17)
"မောင်... ဖြစ်ပါ့မလား"
"ဘာမှ မဖြစ်ဘူး မောင်ရှိတယ်"
ရှောင်းအိမ်တော်ထဲ ဝင်မည့်အချိန်..။ လမ်းမလျှောက်နိုင်လို့ ရိပေါ်က ကားပေါ်မှ ပွေ့ချပေးပြီး တကိုယ်လုံး မာကင်ရာတွေနှင့် ရှောင်းကျန့်..။ ပါးကို ဘယ်လို မျက်နှာ ပြရမှာလဲ..။
သူကြောက်တယ်.. ကြောက်တယ်လို့..။
ဧည့်ခန်းမှာ ရှောင်းပါးက မျက်နှာထိ မျက်နှာထားနှင့် ထိုင်နေသည်..။ ဂိတ်အဝင်ဝမှ သူ့တပည့်တွေ လှမ်းပြောလို့ ရှောင်းကျန့်တို့ ပြန်လာမှာ သူသိပြီးသား..။ အခုတော့ ကားပေါ်ကတောင် ပွေ့ချရသည်တဲ့..။ ဘယ်လောက်တောင် သောင်းကျန်းခဲ့ကြတာလဲ..။
ဝမ်ရိပေါ် ပေါင်ပေါင်းကို ဆိုဖာပေါ်ချပေးပြီး ဘေးမှာဝင်ထိုင်သည်..။ ပေါင်ပေါင်းက ကုပ်ကုပ်ကလေး..။
"မင်းတို့တွေ ငါ့စကားကို အတော်နားထောင်ကြတာပဲ"
ရှောင်းကျန့် နှုတ်ခမ်းလေးစူလာသည်..။ ပါးကလဲ ဆူပဲဆူနေတော့တာပဲ..။
"တောင်းပန်ပါတယ် ရှောင်းသခင်ကြီး.. ကျွန်တော် ပေါင်ပေါင်း.. အဲ.. ကျန့်ကောကို တင့်တောင်းတင့်တယ် လက်ထပ်ယူမှာပါ"
အွန်း.. အွန်း... ဘေးမှ ရှောင်းကျန့်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်..။
"ဘာကို တင့်တောင်းတင့်တယ်လဲ.. မင်းတို့ ဝမ်အိမ်လောက်တော့ ငါတို့လဲ ချမ်းသာပါတယ်ကွ.. ငါ့ကို ပစ္စည်းဥစ္စာ မက်တဲ့သူများ မှတ်နေလား"
"ကျွန်တော် မထင်ရဲပါဘူး"
"ပါး!!"
"အသာနေစမ်း ရှောင်းကျန့်!!"
ရှောင်းပါး အော်တော့ ရှောင်းကျန့် ငြိမ်ကျသွားသည်..။
"ငါပြောမယ် ဝမ်ရိပေါ်"
"ဟုတ်ကဲ့"
"မင်းတို့ကို လုပ်ကြံတဲ့သူ ရှာတွေ့ပြီလား.. "
"မတွေ့သေးပေမယ့် ကျွန်တော့်စိတ်ထဲမှာ မှန်းထားတာတော့ ရှိပါတယ်"
"အေး.. မင်း အဲ့ကောင်ကို ရအောင်ရှာပြီး ငါ့ရှေ့ခေါ်လာနိုင်တယ်ဆိုရင် မင်းအရည်အချင်းကို အသိအမှတ်ပြုပေးမယ်.. မခေါ်လာနိုင်မချင်း မင်းတို့ သမီးရည်းစားလို မနေရဘူး"

ANDA SEDANG MEMBACA
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Humorအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..