Part (8)
"ဒါက ဘယ်နေရာလဲ"
ဘုရား.. ဘုရား..။ သက်တော်စောင့်တွေလဲ ပါမလာတော့ ရိပေါ်လေးက ငါ့ကို လူသတ်ပြီး အလောင်းဖျောက်တော့မှာလား..။ ဖြစ်တော့ မဖြစ်နိုင်လောက်ပါဘူး..။ မြို့လည်ခေါင်ကြီးကို..။
"ဆင်း"
"ဆင်းဘူး.. ဆင်းဘူး"
ငါသိတယ်..။ မင်း ငါ့ကို မင်းတို့ဂိုဏ်းကနေတဆင့် ရောင်းစားတော့မှာမလား..။ အရှုပ်ထုပ်ဆိုပြီး..။ လူကုန်ကူးမှုတွေ တိုက်ဖျက်ရမယ်..။
"အဲ့ ခေါင်းသေးသေးလေးနဲ့ လျှောက်တွေးမနေနဲ့.. မျက်မှန်လုပ်ပေးမလို့"
ဪ.. ပြောပြောက မစောဘူး..။ ဒါဆိုဆင်းမှာပေါ့..။ ဟုတ်သားပဲ ခုနက မျက်မှန်မပါတော့ မျက်မှန်ဆိုင်ကို မမြင်မိဘူး..။ အကြီးကြီးပဲရော..။
ဒါနဲ့ ဒါဆို ငါလေးရဲ့ အားနည်းချက်ကို ရိပေါ်လေးက သတိထားမိသွားပြီပေါ့နော်..။ ငါ့ကို သနားချစ်လေးနဲ့ ချစ်လာတော့မှာ မဟုတ်ဘူးလား...။
"အဟမ်း.. ရိပေါ်လေး"
"ပြော"
"ကိုယ့်ရဲ့ အားနည်းချက်ကို ရိပေါ်လေး သိသွားပြီပေါ့နော်"
ဝမ်ရိပေါ်က သူ့ကို မယုံနိုင်သလို ကြည့်လာသည်..။
"စကတည်းက ပါဝါမျက်မှန်ကြီး တပ်ထားတာကို ကျန့်ကော မျက်စိမှုန်မှန်း ခုမှသိရအောင် ကျွန်တော်က ဘရိန်းချောင်နေတဲ့သူ မို့လို့လား"
"မ...မဟုတ်ပါဘူး.. ကိုယ်ဆိုလိုချင်တာက ရိပေါ်လေး ကိုယ့်ရဲ့ အားနည်းချက်ကို သိပြီး သနားသွားပြီလားလို့ပါ"
ဝမ်ရိပေါ် မျက်လုံးများက မကြုံစဖူး နူးညံ့သွားသည်..။ သူက ရှောင်းကျန့် ပခုံးကို ညင်သာစွာ ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံရင်း..
"ကျန့်ကော.. ကျွန်တော် ပြောပြမယ် သေချာ နားထောင်နော်.. ကိုယ်လက်အင်္ဂါ ချို့ယွင်းတာပဲ ဖြစ်ဖြစ်.. မျက်စိမှုန်တာ.. နားမကြားတာ.. ဆွံ့အ,တာ...စကားထစ်တာ.. အဲ့ဒါတွေ အားလုံးက အားနည်းချက်မဟုတ်ပါဘူး.. အားနည်းချက်လို့လဲ ကျွန်တော် မယူဆဘူး.. ကိုယ်ကျင့်တရား ပျက်ပြားတာကမှ ရှက်စရာ အားနည်းချက်တခုပဲ.. ကျန့်ကောက ဘယ်အရာမှ ချို့ယွင်းချက် မရှိဘူး.. အားလုံး ပြီးပြည့်စုံပြီးသား.."

YOU ARE READING
ပြန်ရောက်လာတဲ့ ရှောင်ရှောင်းကျန့်က ရိပေါ်လေးကို ကွေးအောင်လုပ်မှာ
Humorအတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးက မကွေးဘူးကို အရင်ဖတ်ပါ..