Ep(1) That Feeling~~

7.8K 665 11
                                    

Ep ^ 1 ^

ဘာလို့ အရာရာ "သူ" ပဲလဲ.....

"ငါ"ဆိုတဲ့ လူကရော....

ဘာလို့များ "ငါ" ဆိုတဲ့လူကျတော့ မဖြစ်နိုင်ရတာလဲ.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမွှာတို့အမေ မနက်စာပြင်ရင်း ထမင်းစားပွဲမှာ ထိုင်နေတဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်လေးကို လှမ်းခေါ်ပြီး

Omma - "Taemin-ah, ကျောင်းသွားရခါနီးပြီကို jongin ခုထိ မထသေးဖူး.. တော်တော်အအိပ်မက်တဲ့ကလေး...သွားနှိုးလိုက်တော့"

Taemin - "ဟုတ် မေမေ"

Taemin တစ်ယောက် အပေါ်ထပ်က Jongin အခန်းကို သွက်သွက်တက်သွားလိုက်သည်။

အောက်ထပ် ထမင်းစားဝိုင်းတွင်တော့

Dad - "အဲကလေးတော့ မလွယ်ဖူး.. Taemin နဲ့ အခန်းခွဲနေဖို့ ခွင့်ပြုလိုက်တာ မှားပြီ ထင်တယ်...Taemin က စောစောနိုးလို့ မနက်စာစားဖို့ အဆင်သင့်ဖြစ်နေပြီ...သူက ခုထိ မထသေးဖူး..တွေ့လား... ပြီးရင် ကျောင်းက နောက်ကျဦးမယ်...နောက်ဆို Jongin တခုခု တောင်းဆိုရင် ဘာမှ မလုပ်ပေးနဲ့တော့"

အမွှာတို့အမေ ဘာမှ ပြန်မပြောလဲ သက်ပြင်းသာချမိပါတော့သည်။ ဘာလို့ Jongin က Taemin လို လိမ်လိမ်မာမာ မနေရတာလဲ...

*****

အခုဆို Taemin နဲ့ Jongin နဲ့ အခန်းခွဲနေတာ ၃လကျော်ပြီ...အရင်အတူတူနေထဲက Jongin က အစောကြီးမထနိုင်လို့ Taemin ကပဲ နှိုးပေးနေကြ။ ရုတ်တရက်ကြီး Jongin က သူနဲ့ အခန်းခွဲနေချင်တယ်ဆိုတော့ Taemin အံ့ဩမိသည်။ ခုချိန်ထိ Jongin ဘာလို့ အခန်းခွဲနေချင်မှန်း သူစဉ်းစားလို့မရ။ သူပဲ မနက်ပိုင်း အတင်းနှိုးမိလို့လား...ဒါမှမဟုတ် Zico hyung နဲ့တုန်းက ကိစ္စကြောင့်ပဲလား...။

အကြောင်းပြချက်အမှန်ကို သူတကယ်ပဲ သိချင်မိသည်လေ။

*****

Jongin အခန်းရှေ့ရောက်တော့ အလျင်လိုနေတာမို့ Taemin တံခါးမခေါက်ပဲ ဝင်လာလိုက်သည်။ ကုတင်ပေါ်မှာ စောင်ပုံထဲ ကွေးပြီး jongin တစ်ယောက် အိပ်မောကျနေသည်။

Taemin - "Jongin-ah..ထ..ထတော့.. အမေခေါ်နေပြီ...မြန်မြန်ကျောင်းသွားဖို့ ပြင်တော့...မဟုတ်ရင် အမေကိုယ်တိုင် အပေါ်တက်လာလို့ အဆူခံနေရဦးမယ်"

The Ugly TwinWhere stories live. Discover now