Ep ^ 17 ^
Jongin နိုးလာတော့ အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေရင်း ညာဘက်လက်ကို မ,ကြည့်တော့ မ,လို့မရ။
Jongin - "ဘာဖြစ်လို့ပါလိမ့်?? ငါ ညက ဖိပြီးအိပ်မိလို့များလား??"
လက်ကလည်း ဒီနေ့မှ ထူးထူးခြားခြား ဘာဖြစ်တာလဲမသိ။ တော်သေးတာပေါ့.. ဒီနေ့က စနေနေ့ ကျောင်းပိတ်ရက်လေးဖြစ်နေလို့။
Jongin အိပ်ရာပေါ်အသာထထိုင်ပြီး သူ့ညာဘက်လက်မောင်းလေးကို အသာကိုင်ကြည့်ရင်း...
Jongin - "ဘာဖြစ်ရတာလဲ ငါ့လက်လေးရယ်..."
Jongin သူ့ညာလက်တစ်ခုလုံးကို ဘယ်လက်လေးနဲ့ အသာနှိပ်ပေးရင်း အခန်းထဲက ထွက်လာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်လေ။
Jongin - "မေမေက ဦးလေးဆီ သွားတယ်နဲ့ တူတယ်..."
Jongin အောက်ထပ်ဆင်းလာတော့လည်း သူ့မေမေကို မတွေ့တာမို့...
Jongin - "တခုခုလုပ်စားရင်ကောင်းမယ်... ဘာရှိလဲ မသိ??"
Jongin မီးဖိုချောင်ကို တခုခုလုပ်စားဖို့ သွားကြည့်တော့ ဘာမှမရှိတာမို့ ရေခဲသေတ္တာထဲ သွားကြည့်မယ်လုပ်တော့... ရေခဲသေတ္တာမှာ ကပ်ထားတဲ့ စာတိုလေး...
* Taemin, Jongin
မင်းတို့စားဖို့ ရေခဲသေတ္တာထဲမှ sandwich လုပ်ပေးထားခဲ့တယ်... သားတို့ ဦးလေး ဒီမနက် နှလုံးထဖောက်လို့တဲ့... မေမေ ဆေးရုံကို လိုက်သွားတယ်...
Mom *စာတိုလေးတွေ့တော့ Jongin စိတ်မကောင်းဖြစ်မိသလို စိုးရိမ်မိပါသည်။
ဦးလေးနှလုံးထဖောက်ပြန်ပြီတဲ့... ဦးလေးရဲ့နှလုံးက အရမ်းအားနည်းတယ်ထင်တယ်....
Jongin ရေခဲသေတ္တာတံခါးလေးဖွင့်ပြီး sandwich ပန်းကန်လေးကို ညာလက်နဲ့ လှမ်းယူလိုက်တော့...
အာ့!
Sandwich ပန်းကန်ကိုင်ထားတဲ့ Jongin ရဲ့ ညာလက်လေးက ပန်းကန်ကို မ,မနိုင်သလို သိသိသာသာ တုန်နေသည်လေ။
ဘာလို့ လက်တွေ တုန်နေတာလဲ???
Jongin ညာလက်က ပန်းကန်ကို ဆက်မကိုင်ထားနိုင်တော့တာမို့ ဒီတိုင်းသာ ပြန်ချထားလိုက်မိသည်။
YOU ARE READING
The Ugly Twin
同人小说Description "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ရုပ်ချင်းခွဲမရလောက်အောင် တူတဲ့ အမွှာညီအစ်ကိုပေမယ့ို့၂ယောက်လုံးရဲ့ ဘဝတွေက တောင်နဲ့ မြောက်လိုပဲ ဝင်ရိုးစွန်းတစ်ခုပေါ်မှာ အတူရှိနေပေမယ့် လုံးဝ...