Ep (4) Dream ~~

4.5K 532 8
                                    

Ep ^ 4 ^

Jongin - "Oh..My GOD!!!"

Jongin တစ်ယောက် Chanyeol ခေါ်လာတဲ့ မုန့်ဆိုင်လေးကို ဝင် ဝင်လာချင်း တအံ့တဩနဲ့ ရေရွတ်မိသည်။

Chanyeol ကတော့ Jongin နောက်ကလိုက်ဝင်လိုက်ပြီး Jongin ကိုပဲ ငေးကြည့်ရင်း ပြုံးနေမိသည်။

Jongin - "wow... လှလိုက်တာ!! "

မုန့်ဆိုင်လေးက သေးသေးလေးပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေး။ ခေတ်ဆန်ဆန်အပြင်အဆင်မျိုးမဟုတ်ဘဲ အဖြူရောင်နဲ့ အပြာနုရောင်လေးကိုပဲ အဓိက သုံးထားလို့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဝင်လာသူတိုင်းကို စိတ်အေးချမ်းစေသည်။ ဆိုင်နာမည်လေးကိုက "Jib" (Home) လို့ အမည်ပေးထားတာမို့ နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်သည့် ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။

Chanyeol - "ဆိုင်ရှင်နဲ့ မိတ်ဆက်ပေးမယ်..."

ပြောရင်း Chanyeol တစ်ယောက် Jongin ကို wink လုပ်ပြပြီး ဆိုင်ထဲ တစ်နေရာကို ဝင်သွားသည်။

Jongin ကတော့သူ့နားက သစ်သားစားပွဲခုံလေးတွေကို ကြည့်ရင်း သက်ပြင်းဖြေးဖြေးချမိသည်။ ဒီလို ကိတ်မုန့်ဆိုင်မျိုးလေး ပိုင်ခွင့်ရဖို့ သူ့ငယ်ငယ်လေးထဲက စိတ်ကူးယဉ်ခဲ့တာ။
ပေါင်မုန့်အနံ့လေးတွေ ကိတ်မုန့်လေးတွေ သူ့အနားမှာ အတူရှိနေတဲ့ ခံစားချက်ကို သူအရမ်း သဘောကျမိတာလေ...။

Jongin ဆက်ကြည့်ရင်း နံရံပေါ်က ကောင်လေးတွေ ကောင်မလေးတွေ ပျော်ပျော်ရွှင်ရွှင်ရိုက်ထားတဲ့ ပုံကို တွေ့တော့ သူပြုံးလိုက်မိသည်။ အို... နောက်ခံက... အီဖယ်လ်မျှော်စင်မလား???

Chanyeol - "Jonginna..."

Chanyeol ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Chanyeol နဲ့အတူ ကောင်မလေးတစ်ယောက်ကပါ သူကို ကြည့်နေသည်။ သူ Chanyeol တို့ဆီကို လျှောက်လာရင်း...

Chanyeol - "ဒါ ငါပြောဖူးတဲ့ ဒီဆိုင်ရှင် Minah လေ။ Minah..ဒါ ငါ့သူငယ်ချင်း Kim Jongin တဲ့"

Minah - "မင်္ဂလာပါ..တွေ့ရတာဝမ်းသာပါတယ်.. Minah ပါ.."

Jongin - "Nae...Jongin ပါ..."

Minah - "Chanyeol နဲ့ကတော့ သူ့အိမ်နဲ့ ကပ်ရပ်မို့ ခင်နေကြပြီးသား... Jongin နဲ့က ခုမှ သိတာဆိုတော့ ဆိုင်ကို လိုက်ပြရင်း ကျန်တဲ့သူတွေနဲ့ မိတ်ဆက်ပေးမယ်လေ..."

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon