Ep (11) Secret ~~

5.4K 544 55
                                        

Ep ^ 11 ^

ထမင်းစားပွဲမှာ Jongin နဲ့ သူ့မေမေ နှစ်ယောက်တည်းမို့ Jongin နေရထိုင်ရခက်နေမိသည်။ ထမင်းတောင် သေချာဝါးမိသလား မဝါးမိသလားမသိ။ မေမေ့ပုံစံကို အကဲခတ်ကြည့်တော့လည်း ကျွန်တော့်လိုပင်။ ဘာစကားမှ မပြောဖြစ်ကြဘဲ ထမင်းကိုသာ မြန်မြန်ပြီးအောင် စားနေမိသည်။

Jongin သူ့မေမေကို မကြည့်ဘဲ....

Jongin - "Taemin hyung ရောဟင်??"

Mom - "သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့တဲ့.."

Jongin - "အော်.."

Jongin ခေါင်းလေးညိမ့်ပြီးသာ ဆက်စားနေလိုက်သည်။

နေရထိုင်ရခက်လိုက်တာ!!

တကယ်ဆို ကျွန်တော့်အမေဘဲကို နေရထိုင်ရခက်စရာ အကြောင်းမှ မရှိဘဲ.. ကြည့်ရတာ ကျွန်တော့်မိသားစုနဲ့ ရင်းရင်းနှီးနှီးမနေတာ ကြာခဲ့ပြီမို့ ခုလိုဖြစ်နေတာထင်ပါတယ်။ ခုလို မေမေနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ထဲဆိုတော့ ပိုဆိုးတာပေါ့။

taemin hyung ရှိရင်တောင် hyung က စကားပြောနေရင်း ကျွန်တော့်ကို သိပ်ဂရုမပြုမိတာမို့ ထမင်းစားဝိုင်းက ခုလို ခြောက်ကပ်ကပ်မဟုတ်။ ခုတော့ Hyung ကလည်း အပြင်ထွက်သွားတာရယ် ဖေဖေကလည်း ရုံးသွားနေတော့ ထမင်းစားဝိုင်းက တိတ်ဆိတ်လို့။ ထမင်းမြန်မြန်စားပြီးပါစေ လို့သာ ဆုတောင်းနေမိသည်။

Chanyeol နဲ့သာဆို ကျွန်တော်အမြဲ လွတ်လပ်ပေါ့ပါးပြီး တစ်ခါမှ နေရထိုင်ရခက်ခဲတာမျိုးမဖြစ်ဘဲနဲ့ ဘာလို့ ကျွန်တော့်မိသားစုဝင်တွေနဲ့ကျ ခုလို စိမ်းနေသလို ခံစားရမှန်း ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါ။

Jongin ထမင်းစားပြီးတော့ သူ့မေမေနဲ့အတူ ပန်းကန်တွေ ဝိုင်းဆေးပေးနေသည်။ အရင်က Taemin hyung က ဒီလို ကူညီပေးနေကျပေမယ့် ခုက Jongin ပဲရှိတာမို့ ဝိုင်းကူပေးရင်း..

Jongin - "ဦး.ဦးလေးရော သက်သာရဲ့လားမေမေ??"

Jongin စကားကို သေသေချာချာထိန်းပြီး မေးလိုက်သည်။

Mom - "အင်း..သက်သာလာပါပြီ.. ပင်ပင်ပန်းပန်းလုပ်ရမှာတွေ ဝလာမယ့်အစားအစာတွေတော့ ရှောင်ရမယ်တဲ့.."

The Ugly TwinWhere stories live. Discover now