Ep (16) Complicated ~~

6.9K 649 65
                                    

Ep ^ 16 ^

ငါ မင်းကို သိပ်ချစ်နေမိပြီ...

မင်း ငါ့အနားမှာ အတူမရှိတဲ့အချိန်တွေဆိုရင်တောင်

ငါ့အတွေးအာရုံထဲ အမြဲနားခိုနေတာ မင်း ပုံရိပ်လေးတွေ...

ငါ့အကြားအာရုံထဲ အမြဲရစ်ဝဲနေတာ မင်းရဲ့အသံလေးတွေ...

နီးနီးဝေးဝေး အမြဲ တမ်းတနေမိတာ မင်းရဲ့ အငွေ့အသက် အထိအတွေ့လေးတွေပါ...

ချစ်ရသူရယ်...

မှောင်မိုက်နေတဲ့ ငါ့ကောင်းကင်မှာ မင်းက သက်တန့်လေးတစ်စင်းဖြစ်သလို
ငါ့ကမ္ဘာလေး ဆက်လက်ရှင်သန်နေဖို့ မင်းက ငါ့ရဲ့ oxygen ဖြစ်ခဲ့ပြီ...

မင်းနဲ့သာ အတူတူရှိနေရင်လေ... ငါ့ကိုယ်ငါ နည်းနည်းလေးပိုချစ်တတ်လာခဲ့ပါပြီ...

************************

Sehun တစ်ယောက် Jongin နဲ့ ချိန်းထားတာမို့ သူ့ကားလေးကို Jongin တို့အိမ်ဆီ ပုံမှန်ထက် ခပ်မြန်မြန်လေးမောင်းလာလိုက်သည်။

ဘယ်အချိန်ထဲက Jongin ကိုတွေ့ဖို့ ဒီလောက်ထိ တက်ကြွနေမိမှန်း ကိုယ် ကိုယ်တိုင်လည်း မတွေးတတ်တော့ပါ။ ပြီးတော့ ခုရက်ပိုင်း Jongin နဲ့ message လေးတွေပို့ရင်း ဟိုဟိုဒီဒီ စကားပြောရတာ ပိုပျော်ဖို့ ကောင်းလာသည်လေ။

အခုတလော Jongin နဲ့ ပတ်သက်လာရင် ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ သိချင်လာမိတာ... sehun သူ့ကိုယ်သူတောင် နားမလည်တော့။

Jongin အိမ်ရှေ့ရောက်တော့ sehun အိတ်ထဲက ဖုန်းလေးထုတ်ပြီး Jongin ဆီ လှမ်းဆက်လိုက်သည်။

Jongin - "Hello?"

Sehun တစ်ယောက် Jongin ရဲ့ အသံလေးကြားလိုက်ရရင်ကို အလိုလိုပြုံးမိသွားတာ...။

Sehun - "Jongin-ah... ကိုယ် အပြင်မှာ ရောက်နေပြီ..."

Jongin - "woah!! မြန်လိုက်တာ... အာ့ဆို ခုဆင်းလာခဲ့မယ်နော်... ခဏလေးစောင့်..."

Sehun ဖုန်းလေးကို သူ့အိတ်ထဲပြန်ထည့်ပြီး ကားပေါ်ကနေပဲ ခြံလေးထဲကို ငေးရင်း သူ့ချစ်သူလေးကို စောင့်နေလိုက်သည်။

ခဏကြာတော့ Jongin ခြံထဲက ခပ်သွက်သွက် ထွက်လာသည်။ Jongin ဝတ်ထားတာ အနက်ရောင် T-shirt လေးရယ် Jean ဘောင်းဘီ မကျပ်တကျပ်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးပေမယ့် sehun ကတော့ မင်သက်နေမိတာအမှန်ပင်။

The Ugly TwinWhere stories live. Discover now