Ep ^ 12 ^
Jongin သူ့အခန်းလေးထဲမှာပဲ သီချင်းခပ်ပြင်းပြင်းလေးတစ်ပုဒ်ဖွင့်ပြီး မျက်လုံးလေးတွေ မှိတ်ထားကာ သီချင်းထဲ ခံစားကြည့်နေမိသည်။ တဖြေးဖြေး သူ့အသိအာရုံတွေအားလုံး သီချင်းနဲ့ စီးမျောသွားရင်း သူ့လက်ချောင်းလေးတွေ ခြေထောက်လေးတွေ အပြင် ခန္ဓာကိုယ်တစ်ခုလုံး သီချင်းနဲ့ အတူ စီးမျောကခုန်နေသည်။
Jongin ကနေရင်း တအားမောလာတာမို့ ခဏထိုင်နားဖို့ စိတ်ကူးလိုက်ပါသည်။
ဘယ်လက်လေးကို ကြမ်းပေါ်ထောက်ထားရင်း ထိုင်ချမယ်အလုပ်.. ထောက်ထားတဲ့ လက်ကလေးက ရုတ်တရက် ယိုင်ကျသွားတာမို့ Jongin တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ကို ဘုန်းခနဲ ပြုတ်ကျသွားသည်။
အာ့!! လက်ကောက်ဝတ် လည်သွားပြီထင်တယ်!!!
Jongin နာကျင်နေပေမယ့် မအော်မိအောင် ပြန်ထိန်းထားရင်း ဘယ်ဘက်လက်ကလေးကို ညာလက်လေးနဲ့ အသာမပြီး ထိန်းထားလိုက်သည်။ ကျွန်တော် ဒီနေ့တော့ ဆက်မကနိုင်လောက်တော့ဘူး ထင်တယ်။ ဘာလို့မှန်းမသိ တနေ့တခြား ကျွန်တော့ခန္ဓာကိုယ်က ပို ပိုအားနည်းလာသလိုပဲ။ ခဏလေးနဲ့လည်း မောမောလာတတ်တယ်လေ။
Jongin သူ့ ဘယ်ဘက်လက်ကောက်ဝတ်လေး တဖြေးဖြေး အနာသက်သာသွားတော့မှ သက်ပြင်းအသာချမိသည်။
တော်သေးတာပေါ့... အများကြီး မထိခိုက်မိသွားလို့..
ရုတ်တရက် jongin ဖုန်းထမြည်လာတာမို့ ဖြေးဖြေးချင်းထပြီး သီချင်းပိတ်လိုက်သည်။ ပြီးတော့မှ ဖုန်းကိုင်ဖို့ သွားတော့ ဆက်တဲ့လူရဲ့ နာမည်လေးကြောင့် Jongin အံ့ဩသွားမိသည်။ sehun တဲ့။
Jongin အသံကို မတုန်အောင် အတတ်နိုင်ဆုံးထိန်းရင်း...
Jongin - "H-hello?"
Sehun - "Jongin-ah?"
Jongin - "အင်း.."
Sehun - "အားလားဟင်?"
Jongin - "အ..အခုလား??"
Sehun - "အင်း"
Jongin - "အ-အားပါတယ်"
Sehun - "အဲ့ဒါဆို ဒီနေ့ နေ့လည်စာတူတူစားရအောင်လေ.. ကိုယ်လာခေါ်မယ်.. ဘယ်လိုလဲ??"
Jongin မျက်လုံးလေးတွေ ပြူးရင်း နှလုံးခုန်သံတွေ ပိုမြန်လာသည်။

YOU ARE READING
The Ugly Twin
FanfictionDescription "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ရုပ်ချင်းခွဲမရလောက်အောင် တူတဲ့ အမွှာညီအစ်ကိုပေမယ့ို့၂ယောက်လုံးရဲ့ ဘဝတွေက တောင်နဲ့ မြောက်လိုပဲ ဝင်ရိုးစွန်းတစ်ခုပေါ်မှာ အတူရှိနေပေမယ့် လုံးဝ...