Ep (15) Bloom ~~

6.2K 575 38
                                    

Ep ^ 15 ^

Taemin တစ်ယောက် ဒီနေ့ ညနေပိုင်းအတန်းမရှိတာရယ်.. ဘယ်သူနဲ့မှလည်း မချိန်းထားတာမို့ အိမ်ကိုပဲ အေးအေးဆေးဆေး တန်းပြန်လာခဲ့လိုက်သည်။

အိမ်ရောက်တော့ ဘယ်သူမှလည်း မရှိ.. ဗိုက်ကလည်း ဆာလာတာမို့ ရေခဲသေတ္တာထဲက ထမင်းလိပ်ပန်းကန်လေးယူလာရင်း TV ထိုင်ကြည့်မယ် စိတ်ကူးလိုက်သည်။

TV ဖွင့်လိုက်ရင်း နာရီလှမ်းကြည့်မိတော့ ၆နာရီ... ပုံမှန် ဒီအချိန်ဆို Jongin က အိမ်မှာ ရှိနေကျပါ။ ထူးထူးဆန်းဆန်း ဒီနေ့ကျမှ Jongin ဘယ်သွားနေလဲမသိ။

Taemin - "ကြည့်ရတာ Chanyeol နဲ့ သွားတွေ့တယ်ထင်တယ်..."

Taemin ထမင်းလိပ်စားနေရင်း တစ်ယောက်တည်း စကားပြောနေမိသလို Jongin နဲ့ Chanyeol အကြောင်းပါ တွေးမိပြန်သည်။

Chanyeol က Jongin ရဲ့ ပထမဆုံးသော သူငယ်ချင်းပါ.. Jongin က ငယ်ငယ်လေးကတည်းက အရှက်အကြောက်ကြီးတာရယ်.. စကားနည်းပြီး အနေအေးတာရယ်ကြောင့် Taemin လို မဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းသိပ်မရှိသလို အမြဲတမ်း Taemin အနားမှာပဲ တပူးတွဲတွဲနေလေ့ရှိသည်။

အဲ့လိုအကျင့်လေးတွေကြောင့် တစ်ခါတစ်လေ Taemin ရဲ့ သူငယ်ချင်းတွေက Taemin ကို ခင်ပေမယ့် Jongin အနားမှာရှိရင် သိပ်သဘောမကျသလို Jongin ကလည်း Taemin ကို သူ့အနားမှာပဲ ရှိစေချင်ခဲ့သည်။ ကြားထဲက Taemin က ညီရယ် သူငယ်ချင်းရယ်ကြားထဲ တော်တော်ဗျာများခဲ့ရသည်လေ။ ဒါပေမယ့် Chanyeol က Jongin ရဲ့ သူငယ်ချင်းဖြစ်လာတဲ့နောက်ပိုင်းတော့ Taemin သူ့သူငယ်ချင်းတွေကို ပိုအချိန်ပေးခွင့်ရခဲ့သည်။

အရင်က အရှက်အကြောက်ကြီးပြီး စကားနည်းတဲ့ Jongin က Chanyeol နဲ့သာဆို တခြားလူတစ်ယောက်လို ပေါ့ပေါ့ပါးပါး ပြုံးပြုံးပျော်ပျော်နဲ့ စကားတွေ အများကြီး ပြောနေတတ်သည်။ အဲ့အချိန်ကစပြီး Chanyeol နဲ့ Jongin ဆိုတာ သွားအတူ လာအတူ တအားခင်သွားခဲ့ကြတာ။

Taemin သူ့အတွေးတွေနဲ့သူ သက်ပြင်းသာ ချမိသည်။

Chanyeol လို နားလည်ဂရုစိုက်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Jongin ကို Taemin မနာလိုဖြစ်မိပါသည်။ Taeminမှာလည်း Key ဆိုတဲ့ အရမ်းခင်ရတဲ့သူငယ်ချင်းရှိပေမယ့် Key မှာက သူ့ချစ်သူ Onew ရှိနေလေတော့ သူ့အတွက် အမြဲတမ်းအချိန်မပေးနိုင်ဘူးလေ။

The Ugly TwinWhere stories live. Discover now