Ep (14) Threat ~~

6K 593 36
                                    

Ep ^ 14 ^

Chanyeol တစ်ယောက် ကုတင်ပေါ်မှာ ထိုင်နေရင်း... သူ့ရဲ့ အင်္ကျီဝတ်ကြည့်နေတဲ့ Jongin ကိုကြည့်ပြီးတော့...

Chanyeol - "အဲ့အင်္ကျီက အရမ်းကြီးမနေဘူးလား??"

Jongin - "အင်း.. နည်းနည်းရှည်နေတယ်.. အဲ့ထက် သေးတာ မရှိတော့ဘူးလား??"

Chanyeol သူ့ရှေ့က လူကောင်ကသေးသေးလေးနဲ့ သူ့အင်္ကျီအရှည်ကြီးဝတ်ထားတဲ့ jongin ကို ကြည့်ပြီး ရယ်လိုက်ရင်း...

Chanyeol - "ငါ့မွာ ရွိတာ အဲ့အက်ႌက အေသးဆံုးပဲ... ဟီး အက်ႌက ရှည်နေတာ ပေါင်ထိတောင် ရောက်နေပီ.. "

Jongin သူဝတ်ထားတဲ့ ပုံစံလေးကို ပြန်ငုံ့ကြည့်ရင်း...

Jongin - "ကြည့်ရတာတော့ မဆိုးပါဘူး.. ဘာပဲဖြစ်ဖြစ် စကပ်ဝတ်ထားတာနဲ့ မတူရင် ပြီးတာပဲ... ဟီး.."

Chanyeol ခေါင်းညိမ့်ပြရင်း...

chanyeol - "ဂျင်းဘောင်းဘီရော???"

Jongin - "အင်း.. ဝတ်ကြည့်လိုက်ဦးမယ်..."

Jongin သူ့ညဝတ်ဘောင်းဘီလေးချွတ်ပြီး ဂျင်းဘောင်းဘီဝတ်ကြည့်တော့ chanyeol မျက်နှာ အခြားတစ်ဖက်ကို အသာလှည့်ထားမိသည်။ [သူ့IG post ကို သတိရမိတယ်..ဟီး]

Jongin - "ဒါကျတော့လည်း..."

Jongin ..chanyeol ဘောင်းဘီဝတ်ပြန်တော့လည်း ခါးချောင်နေတာလေးကို ကြည့်ရင်း...

Jongin - "chanyeol-ah.. မင်းမှာ ခါးပတ်ရှိတယ်မလား??"

Chanyeol ရယ်နေရင်းသာ ဘီဒိုထဲက သူသဘောကျရတဲ့ ခါးပတ်လေးတစ်ခု ထထုတ်ပေးလိုက်ပါသည်။

Jongin က ကိုယ်လုံးကိုယ်ထည် ပိန်ပိန်ပါးပါးနဲ့ ကလေးလေးလိုပါပဲ...

Chanyeol ကလည်း ထိုကလေးလေးကိုမှ သိပ်ချစ်မိသည်လေ။

********

Jongin အစကတော့ ဒီနေ့ကို ကျောင်းပျက်ဖို့ စဉ်းစားထားတာမို့ မနေ့ညက Kyungsoo ကို ဖုန်းဆက်ကြည့်တော့ Kyungsoo က အရေးကြီးတဲ့အပိုင်းတွေ သင်မှာမို့ လာခဲ့ပါတဲ့။

ပြီးတော့ Jongin သူ့အိမ်ကို Chanyeol အိမ်မှာ တစ်ညအိပ်မယ်လို့ ပြောဖို့ ဖုန်းဆက်လိုက်တော့ သူ့မေမေက ခွင့်မပြုချင်။ ဒါပေမယ့် Jongin နဲ့ Chanyeol နဲ့ ခင်လာတာ ငယ်ငယ်လေးကတည်းကမို့ Jongin ရဲ့ ဖေဖေနဲ့ မေမေက Chanyeol ကို ယုံကြည်တာကြောင့် နောက်ဆုံးတော့ ခွင့်ပြုပေးခဲ့သည်လေ။

The Ugly TwinWhere stories live. Discover now