Ep (5) Shy Smile ~~

4.9K 523 13
                                    

Ep ^ 5 ^

Jongin သတိရလာတော့ အရင်ဆုံး လေကို ဖြေးဖြေးချင်း ရှုရှိုက်ကြည့်သည်။ တော်သေးတာပေါ့... သူရင်ဘတ်တွေ ထပ်အောင့်မနေတော့ဘူး... ဒါပေမယ့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဘာအင်အားမှ မရှိတော့သလို ခံစားရသည်။

Mom - "jongin-ah?"

မေမေလား....

Jongin ရဲ့ နှုတ်ခမ်းလေးတွေ အနည်းပွင့်ဟသွားပြီး မျက်လုံးလေးတွေပါ ဖွင့်ကြည့်လိုက်တော့ ရုတ်တရက်တွေ့လိုက်ရတဲ့ အလင်းရောင်ကြောင့် မျက်ခွံလေးတွေ ပြန်မှိတ်သွားပြီးမှ တဖြေးဖြေး ပြန်ဖွင့်ကြည့်လိုက်တော့...

သူ့မေမေ...

အထူးသဖြင့် သူ့ကို စိုးရိမ်နေတဲ့ မေမေ့ရဲ့ မျက်ဝန်းလေးတွေ.....

Jongin ရုတ်တရက် ထထိုင်လိုက်ရင်း ခေါင်းထဲက မူးဝေလာတာမို့ သူလက်ကလေးနဲ့ သူ့နဖူးပေါ်ဖိထားတာကို အမွှာတို့အမေတွေ့တော့...

Mom - "အရမ်းမလှုပ်နဲ့ဦးလေ... သားထိုင်ချင်ရင် လာ..နောက်လေးကို မှီနေလိုက်..."

Jongin သူ့အမေရဲ့ ဂရုစိုက်မှုလေးကြောင့် သူနေမကောင်းပေမယ့် ပျော်နေမိပါသည်။ [Jongin ရယ်..TT]

သူ့အမေလုပ်ပေးထားတဲ့ ခေါင်းအုံးလေးပေါ် ကျောမှီရင်း သူ့ကုတင်ဘေးမှာ စိုးရိမ်တကြီးထိုင်ကြည့်နေတဲ့ သူ့အမေကို ငေးကြည့်နေမိသည်။

Mom - "ဘယ်လိုဖြစ်တာလဲ Jonginna... ဟင်...ဘယ်လိုဖြစ်ပြီး မေ့လဲတဲ့ အထိ ဖြစ်ရတာလဲကွယ်.."

Jongin ပြန်မဖြေမိပါ။ သူကိုယ်တိုင်လဲ ရင်ဘတ်တွေတအားအောင့်လာပြီး ဒီတိုင်းမေ့လဲသွားခဲ့တာ...

Mom - "Jongin-ah?"

Jongin - "nae!... မ..မပြောတတ်ပါဘူး..မေမေရယ်.. ကြည့်ရတာ သား အိပ်ရေးပျက်တာ များသွားလို့ ထင်တယ်..."

သူ့အမေက သူ့ကို မယုံကြည်စွာကြည့်ရင်း တခုခုပြောမလို့လုပ်နေတုန်း... Taemin လက်ထဲက ပလတ်စတစ်ထုတ်လေးတစ်ခုကိုင်ပြီး အခန်းထဲကို ဝင်လာသည်။

Taemin - "မေမေ..သား ဆေးဝယ်လာခဲ့တယ်... အော်... Jongin! သတိရလာပြီလား..."

Jongin ရဲ့မေမေက taemin ကို ခေါင်းတစ်ချက်ညိမ့်ပြရင်း ဆေးထုတ်ယူပြီး Jongin ဘက်ကိုလှည့်ကာ...

The Ugly TwinUnde poveștirile trăiesc. Descoperă acum