Ep (23) Track ~~

7.5K 650 202
                                    

Ep ^ 23 ^

Taemin နိုးလာတော့ သူ့ခေါင်းတွေ မူးဝေနေဆဲပင်... ဝေဝားနေတဲ့ အမြင်အာရုံတွေကို သေချာမြင်ရအောင် ကြိုးစားကြည့်ရင်း...

"Taemin..na"

သူ့နာမည်ခေါ်သံကြားလို့ ခေါင်းလေးစောင်းကြည့်မိတော့... စိုးရိမ်စွာကြည့်နေတဲ့... sehun sunbae...

Sehun - "နိုးလာပြီလား... မင်း လေ့ကျင့်ခန်းထဲမှာ မေ့လဲသွားလို့... အာ့ကြောင့် ငါခေါ်လာပေးတာ..." 

Taemin ဟိုဟိုဒီဒီ ကြည့်လိုက်တော့... သူရောက်နေတာက ကျောင်းဆေးခန်းလေး...

Doc - "ခုရော ဘယ်လိုနေသေးလဲ... သက်သာလား... "

Taemin ပြုံးပြရင်း...

Taemin - "ဟုတ်ကဲ့... သက်သာသွားပြီ... ကျွန်တော် အရမ်း ပင်ပန်းသွားလို့နေမှာ..."

Doc - "အင်း... အစားရော စားထားသေးလား"

Taemin ခေါင်းလေးအသာယမ်းပြတော့...

Doc - "သွေးပေါင်ကျနေတယ်နော်... တခုခုစားပြီး သေချာအနားယူလိုက်ဦး..."

Taemin - "ဟုတ်ကဲ့..."

Taemin ရုတ်တရက် ထဖို့ ကြိုးစားတော့ sehun တွဲကူပေးလိုက်သေးသည်။

Doc က ဆေးလေးတွေ ထုတ်ပေးရင်း...

Doc - "ဆေးသောက်ရလောက်အောင်တော့ စိုးရိမ်စရာ မရှိပါဘူး... အားဆေးပဲ ပေးလိုက်မယ်..."

Taemin - "ဟုတ်ကဲ့... "

Doc - "မင်းကို အစက Kim Jongin လို့ပဲ ထင်နေတာ... နောက်တော့မှ မင်းတို့က အမွှာတွေကိုး..."

Sehun တစ်ယောက် မျက်လုံးလေးအဝိုင်းသားနဲ့...

Sehun - "Jongin ကို သိနေတာလား?"

Doc - "အင်း... သူ ဒီကို ခဏ ခဏ ရောက် ရောက်လာတယ်လေ..."

Sehun - "ဘာလို့လဲ..."

Doc - "သူက ခဏခဏ နေမကောင်းဖြစ်တယ်... ခေါင်းကိုက်လိုက်... ဖျားလိုက်... အားနည်းလို့ မူးလဲလိုက်နဲ့... ရောက် ရောက်လာတတ်တယ်... jongin  ငယ်ငယ်ကတည်းက အဲ့လိုပဲ ချူချာတာလား"

Doc ပြောတာနားထောင်ရင်း sehun ရော taemin ပါ တအံ့တဩနဲ့ ငိုင်နေမိသည်။ jongin အဲ့လိုတွေ ခဏခဏ ဖြစ်မှန်း နှစ်ယောက်လုံး သိလည်း မသိ... သတိလည်း မထားမိခဲ့ဖူးလေ။

You've reached the end of published parts.

⏰ Last updated: Mar 14, 2018 ⏰

Add this story to your Library to get notified about new parts!

The Ugly TwinWhere stories live. Discover now