Ep (8) Forceful RS ~~

4.8K 511 46
                                    

Ep ^ 8 ^

Sehun တစ်ယောက် သူ့နှုတ်ခမ်းကို အဆက်မပြတ်ဖိထားရင်း စာကြည့်စားပွဲမှာ စိတ်ပျက်လက်ပျက်ထိုင်နေသည်။ Luhan လည်း sehun ဘေးနားထိုင်ရင်း ဟိုနေ့က အဖြစ်အပျက်အကြောင်းကို ပြန်ပြောဖြစ်ကြသည်။

Luhan - "ငါလေ အဲ့နေ့က အဖြစ်အပျက်ကို စဉ်းစားမိတိုင်း ထွက်လာတဲ့အဖြေက.. ဒီကမ္ဘာမှာ မင်းလောက် ရူးတဲ့ လူရှိတော့မှာ မဟုတ်ဘူးဆိုတာပဲ.... "

Sehun တစ်ယောက် Luhan ပြောတာကို ဂရုမစိုက်၊ စားပွဲခုံပေါ် ခေါင်းမှောက်ရင်း Jongin နှင့် Taemin ရဲ့ပုံရိပ်ကို မြင်ယောင်လာမိပြန်တော့...

'သေစမ်း.. Oh sehun ရေ.. သေလိုက်ဟ!!'

Luhan - "နေပါဦး.. မင်း အဲ့၂ယောက်ကိုတောင် မခွဲခြားတတ်ဘူးလား.. တစ်ယောက်က ဆံပင်ရွှေအိုရောင်အရှည်လေးနဲ့ နောက်တစ်ယောက်က အဝါရောင်ကို ဆံပင်တိုတိုလေး... ဒါလေးတောင် မင်းမခွဲတတ်ဘူး.. တကယ်ပဲ.. OhSehun မင်း ကန်းများနေသလားဟ!!"

Sehun - "အဲ့မှာ ဒီလောက်မှောင်နေတာကို ငါက ဘယ်လိုလုပ်ခွဲနိုင်မှာလဲဟ!!"

Luhan - "ဟ! လာနောက်မနေနဲ့!! ငါ အဝေးကြီးကနေတောင် Taemin လား Jongin လား သေချာခွဲနိုင်တယ်.. ပြီးတော့ သူတို့နှစ်ယောက် ဝတ်ပုံစားပုံက တူမှ မတူတာ.. အသိသာကြီးကိုကွာ!!"

Sehun - "သူတို့ ဝတ်တဲ့စတိုင်ကို ငါ ဘယ်လိုလုပ်သတိထားမိမှာလဲဟ.. ငါ မနေ့က ဘာဝတ်ခဲ့လဲတောင် ဒီနေ့ဆို မမှတ်မိတော့တဲ့ဟာကို!!"

Luhan - "မင်း ဂေါက်သီးမှန်းတော့ ငါသိပါတယ်ငဟွန်းရယ်.. ဒါပေမယ့် ဒီလောက် ရူးမှန်း မသိ..."

Luhan စကားဆုံးတဲ့အထိ နားမထောင်တော့ဘဲ  sehun မခံမရပ်နိုင်ထအော်တော့မှ...

Sehun - "ငါ့ အပြစ်တင်တာရပ်ပြီး ကူညီဖို့ပဲ စဉ်းစားစမ်းပါဟ!!!"

Luhan - "ငါ ဘာတတ်နိုင်မှာလဲ... မင်းက ဖွင့်ပြောတယ်.. သူကလည်း လက်ခံလိုက်တယ်.. ပွဲက ပြီးနေပြီ။ ဒါပေမယ့် ထူးဆန်းတယ်.. မင်းနဲ့သူနဲ့ သိလည်းမသိ.. စကားလည်း မပြောဖူးဘဲနဲ့ မင်းကို ဘာလို့လက်ခံလိုက်ပါလိမ့်နော်??"

Sehun မျက်မှောင်လေးအနည်းငယ်ကျုံ့ရင်း စဉ်းစားမိသည်။

Luhan ပြောတာလည်း ဟုတ်သားပဲ.. သူမှ Jongin နဲ့ စကားလေးတောင် မပြောဖူးတာ.. Jongin က ဘာလို့သူ့ကို လက်ခံလိုက်ပါလိမ့်??

The Ugly TwinUnde poveștirile trăiesc. Descoperă acum