Part:2

683 56 2
                                    

အခင်းဖြစ်​ပွားရာ​နေရာသို့ ​chanyeol ​ရောက်​သွားသည့်​အခါ စူးစမ်းချင်​ သည့်​လူ့သဘာဝအတိုင်း ထို​နေရာတွင်​လူများ အုံကြွပ်​​နေ​လေသည်

တဆိတ်​....ကျွန်​​တော်​ ရဲဋ္ဌာနကပါ ​ကျေးဇူး ပြုပြီး ဒီနားက နည်းနည်းဖယ်​​ပေးကြပါ ခင်​ဗျာ...

အမ​လေး...​ရောက်​လာပြီလား ရဲသားကြီးရယ်
လာပါဗျာ...ဒါကြီးကို မြန်​မြန်​သယ်​သွားကြစမ်းပါ

ဟုတ်​ကဲ့ ..မကြာခင်​ သက်​ဆိုင်​ရာက လာပြီး ရှင်းလင်းမှာပါ

အဲ့မတိုင်​ခင်​ကို ကျွန်​​တော်​ စစ်​​ဆေးမှု ပြုလုပ်​ ပါရ​စေ

chanyeol အတန်​ကြာ​အောင်​ အ​လောင်း စစ်​​ဆေးမှု ပြုလုပ်​ပြီး​တော့ အ​ကြောင်းကြားသူဆိုင်​ရှင်​ဘက်​သို့လှည့်​ကာ

ကျွန်​​တော်​ ရဲဘက်​ဆိုင်​ရာက တာဝန်​ရှိသူ Park Chanyeol ပါ .....လူကြီးမင်းအ​နေနဲ့ ကျွန်​​တော်​တို့နဲ့ပူး​ပေါင်းကူညီ​ပေး​စေလိုပါတယ်​ အဲ့အတွက်​​ကြောင့်
ကျွန်​​တော်​ မေးခွန်းအနည်းငယ်​​မေးပါရ​စေခင်​ဗျာ...

ဟာဗျာ..ဘာ​တွေ​မေးမှာတုန်း..မိုးလင်း​စော​စော..ဆိုင်​ဖွင့်​မလို့ကို ကျက်​သ​ရေမရှိရတဲ့အထဲ ခင်​ဗျားတို့ကတစ်​မျိုး

Chanyeol တချက်​ပြုံးလိုက်​သည်​...ကြည့်​ရတာ ခပ်​နုနု​တော့ကိုင်​လို့ရမည်​မထင်

ကောင်းပါပြီ လူကြီးမင်းအ​နေနဲ့ မကူညီနိုင်​ဘူးဆိုရင်​လည်း
ရပါတယ်​ခင်​ဗျာ...ဒါ​ပေမဲ့

သူ ​ပြောလက်​စကို ခဏရပ်​ပြီး တဖက်​လူ၏ မျက်​နှာကို အကဲခတ်​လိုက်​သည်​ တဖက်​လူက စိတ်​ဝင်​စားစွာ နား​ထောင်​​နေသည်​ကို မြင်​ရမှ

ကျွန်​​တော်​တို့ အ​နေနဲ့ လိုအပ်​တဲ့ အချက်​အလက်​​တွေ မပြည့်​စုံလို့ ကွင်းဆက်​ပြတ်​သွားခဲ့ရင်​​တော့ ​ဟောဒီက လူုကြီးမင်းက သက်​ဆိုင်​ရာ ရဲ့ နံပါတ်​တစ်​ သံသယ ရှိသူ ဖြစ်​လာနိုင်​​ခြေ အရှိဆုံးပါခင်​ဗျာ...

သူ့စကား အလုပ်​​တော့ နည်းနည်းဖြစ်​သွားသည်​ကို chanyeolသိလိုက်​သည်

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now