Part/3

544 57 0
                                    

ဟင်​...Wen ​လေးကို အိမ်​ကလာမကြို ​သေးဘူးလား

ရှေ့မှ က​လေး​လေးကို ကြည့်​ပြီး Baek ​ရေရွတ်​မိသည်

ည​နေ​လေးနာရီ ထိုး​နေပြီမို့ က​လေး​တွေ အားလုံးကို အိမ်​​တွေက အသီးသီး လာကြို သွားကြပြီ​လေ...အ​စောက လာကြို​နေတဲ့ ​ကျောင်းသားမိဘ​တွေနဲ့ စကား​ပြော​နေရ သည်​မို့ ကစားစရာ ​ဒန်း​လေး​ပေါ်တွင်​ ထိုင်​​နေသည့်​ က​လေး​လေးအား သူမ မမြင်​ခဲ့မိ....က​လေး​လေး က​တော့ ​ဆော့ ​ကောင်းတုန်း....

ခါတိုင်း ဒီက​လေးကို သူ့အ​မေက ​စော​စောလာကြို​နေကြပါ

Wen ​ah ဒီနားကိုလာပါအုံး .....

သူမ​ခေါ်သံ​ကြောင့်​ ​ဒန်း​လေး​ပေါ်မှဆင်းကာ သူ့မထံပိုးတုံးလုံး​လေးလို လုံးတုံးလုံးတုံး ​လေး
ပြေးလာ​သော က​လေး​လေး အား..သူမ ပွေ့ချီကာ ပါးအိအိ​လးကို အားရပါးရ ​မွှေး​မွှေး​ပေးလိုက်​ရင်း....

mama ကလာမကြို​သေးလို့ ပျင်း​နေပြီလား wen ​လေး

သူမအ​မေးကို wen ​လေးက သွားပိစိ​လေး​တွေ​ပေါ်သည်​အထိ ရယ်​လိုက်​ပြီး...

ပျင်းပါဘူး တီချယ်​ရဲ့ wen ​လေးက ​ဆော့​နေရရင်​ ဘယ်​​တော့မှပျင်းဘူး...တီချယ်​သာ wen ​လေး ကို ချာ​တွေလာမသင်​နဲ့​ယေ...

စကား​လေး​တွေ ဖြင့်​ မပီ​သေးဘူး ​ပြောတတ်​လွန်း​သော က​လေး​လေး ​ကြောင့်​ Baek ခန္ဓာကိုယ်​​လေး သိမ့်​သိမ့်​တုန်​​အောင်​ ရယ်​မိကာ...

အမ​လေး..မသင်​ပါဘူး ရှင်​...
ရှင်​​လေး စိတ်​ချမ်းသာ​အောင်​ ​ဆော့​တော်​မူပါ​နော်​...

Baek ခပ်​မြူးမြူး​လေး ​ပြောကာ ကိုစကားတတ်​​လေးကို ​ချီထားရာမှ ပြန်​ချ​ပေးလိုက်​သည်​...

တော်​ပြီ..တီချယ်​ရဲ့ ပြန်​ခါနီးမို့​ဆော့​တော့ဘူး..
mama ကိုပဲထိုင်​​စောင့်​လိုက်​​တော့မယ်​​နော်​...

ကောင်းပါပြီရှင်​...​ကောင်းပါပြီ..

Yeol တ​ယောက်​ တူ​လေး၏ Pre-KG school ​ရှေ့သို့ ​ရောက်​လာ​သော်​ငြားလည်း ချက်​ချင်း  မဝင်​ဖြစ်​​သေးဘဲ Disney ဇာတ်​​ကောင်​​လေး​တွေ ကို အနှံ့ကပ်​ထားသည့်​ စိမ်းပြာ​ရောင်​တိုက်​​လေး ​ရှေ့မှ မြင်​ကွင်းအား သတိလက်​လွတ်​ ​ငေးကြည့်​​နေမိသည်​...

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now