Part/11

321 35 0
                                    

ခံစားရလွန်းလို့ ကျွန်​​တော့်​ ရင်​​တွေ ​ပေါက်​ကွဲ ထွက်​​တော့မယ်​ စိတ်​​ပေါက်​​ပေါက်​နဲ့ ​သောက်​ခဲ့တဲ့ soju ပုလင်း​တွေ ဆိုတာဟာလည်း မနည်း....အလကားပါဗျာ....
မူးရင်​ ခံစား​နေရတာ​တွေများ သက်​သာ သွားမလား... နာကျင်​​နေရတာ​တွေများ ​ပျောက်​ကွယ်​သွားမလားလို့​သောက်​မိပါတယ်​....အခု​တော့ဖြင့်​ ဘာမှ မထူးခြား....ဒါ​ပေမဲ့လည်း ​သောက်​ရအုံးမှာပဲ ဒီအတိုင်း​နေတာထက်​စာရင်​ ကျွန်​​တော့်​ကို အ​ဖော်​ပြု​ပေးမယ့်​ soju ​လေးရှိ​နေ​တော့ ​တော်​​သေးတာ​ပေါ့.. hk hk

'​ကောင်​​လေး...အ​ဒေါ်တို့ ဆိုင်​သိမ်း ​တော့မယ်​ကွဲ့...မင်း​သောက်​တာ​တွေကလည်းများ​နေပြီ ​ဘေးဖြစ်​မယ်​ ...ကဲ..ကဲပြန်​​ပါတော့ကွယ်​..'

'​အော်​ arjima တို့ ဆိုင်​က သိမ်း​တော့မှာလား..
အေ့...​မသိမ်းခင်​ ကျွန်​​တော့်​ ကို ​နောက်​ထပ်​တစ်​လုံး​လောက်​ ​ပေးပါအုံး'

'​တော်​​တော့​လေ...​ကောင်​​လေး...မင်းကြည့်​ရတာ အများကြီး ​သောက်​ဖူးပုံလည်း မ​ပေါ်ဘူး....ဒီအတိုင်းပဲ ပြန်​လိုက်​ပါ​တော့ကွယ်​'

'arjimaက ကျွန်​​တော်​​တောင်းတာ မ​ပေးဘူးယား...​အေ့
မ​ပေးရင်​ arjima ကို ကျွန်​​တော်​ ပိုက်​ချံမရှင်းဘူး..ဒီကလည်း မတွားဝူး...'

Yeol မူးမူးနှင့်​ ​ပြောချင်​ရာ​တွေ​ပြောကာ စားပွဲခုံ ​ပေါ်တွင်​ ​မှောက်​အိပ်​ပြလိုက်​သည်

'ဒီ​ခေတ်​လူငယ်​​တွေနဲ့ ခက်​​တော့တာဘဲ.....
ကဲ ​ရော့​ရော့ ​နောက်​တစ်​လုံး....'

'​ကျေးဇူး အများကြီး...အများကြီး တင်​တယ်​​နော်​ arjima
ဟီးဟီး ကျွန်​​တော်​သွား​တော့မယ်​ ...'

'ဟဲ့ ​နေအုံး​လေ...ငါ့ပိုက်​ဆံရှင်းသွားအုံး...'

'​အော်​...ဟုတ်​သားပဲ ...​မေ့တွားတယ်​...arjimaကြီး စိတ်​မဆိုးရဘူး​နော်​...' Yeol တ​ယောက်​ အမူးလွန်​ပြီး ​ပြောချင်​ရာကို ​ပြောချ​နေ​တော့သည်​....

ဆိုင်​ပိုင်​ရှင်​ arjima ကို ပိုက်​ဆံ ရှင်းပြီး​တော့ ထပ်​မှာ လိုက်​​သော soju ပုလင်း ကို ဆွဲကာ လမ်းမထက်​တွင်​ ဒယိမ်းဒယိုင်​ဖြင့်​ ​လျှောက်​လာခဲ့သည်​...

စည်းခြားထား​သောအချစ်​(Nine Tail Fox)Unde poveștirile trăiesc. Descoperă acum