Part\16

800 86 20
                                    

'ဟင်​....'
မှန်​ထဲမှ ပုံရိပ်​အား ကြည့်​ကာ Baek ဆွံ့အသွားခဲ့သည်

ညတိုင်း ခံစား​နေရ​သော ​ဝေဒနာ​ကြောင့်​ Baek မဝံ့မရဲဖြင့်
ကျောပြင်​ကို ​နောက်​လှည့်​ကာ ကြည့်​မိလိုက်​ခြင်းပါ ...

ကြယ်​တာရာလား....ကြာပန်းလား....ဒါမှမဟုတ်​ ​နေရဲ့ ​ရောင်​စဉ်​ ဖြာထွက်​​နေသလိုမျိုးလား....သူမ မသိဘူး..
ညစဉ်​ မပြတ်
သန်း​ခေါင်​ ယံ ​ရောက်​တိုင်း  ​သေလု​အောင်​ ခံစား​နေရတာ
ဒီ ဘာမှန်း မသိတဲ့ အရာ ​ပေါ်ထွက်​လာဖို့ အတွက်​ လား ...

'ဟယ်​...Baek အင်္ကျီ ချွတ်​ပြီး ဘာလုပ်​​နေတာလဲ..'
ရုတ်​တရက်​ ဝင်​လာ​သော lu lu ​ကြောင့်​ သူမ အင်္ကျီကို အမြန်​ ဝတ်​လိုက်​​ပေမဲ့လည်း...မျက်​စိလျင်​​သော lu lu ​ကြောင့်​ အချည်းနှီးသာ...

'ဟင်​...နင်​ ​ကျောက ဘာကြီးလဲ...tattooထိုးထားတာလား...ပြစမ်းပါအုံး'

'lu lu ​နောက်​ခါနင်​ တံခါး ​ခေါက်​ပြီးမှ ဝင်​လာသင့်​တယ်​'
Baek ထိုသို့ ​ပြောလိုက်​​တော့ lu lu မျက်​နှာ မ​ကောင်း ..
အင်း​လေ...lu lu မှားတာမှ မဟုတ်​ဘဲ...တံခါး​ခေါက်​တဲ့ ယဉ်​​ကျေး မှု ဆိုတာ တစ်​အိမ်​တည်း​နေသည့်​ အရင်းနှီးဆုံး သူမတို့ နှစ်​​ယောက်​ ကြားမှာ ရှိမှမရှိခဲ့ဘဲ...
လိုလည်းမလိုပါဘူး​လေ....နားလည်​​ပေးပါ lu ...နင်​ အာရုံ​ပြောင်းသွားဖို့ ငါ စဉ်းစားလို့ရတာ ဒီနည်းလမ်းတစ်​ခုတည်း ရှိလို့ပါဟာ.....

'sry Baek ah....ငါ ယဉ်​​ကျေးမှု မဲ့သွားတယ်​...'

စိတ်​မ​ကောင်း​ပေမဲ့လည်း အားတင်းကာ
'နင်​ ငါ့ကို ​ပြောစရာရှိလို့်လား lu lu....'

အဲ့​တော့မှ lu lu က သူမ လာရင်းကိစ္စ ကို သတိရသွားဟန်​ဖြင့်

'အာ...ဟုတ်​သားဘဲ ....ရှိတယ်​..ရှိတယ်​...
အပြင်​မှာ Hun ​စောင့်​​နေတယ်​...လို့ ​ပြောမလို့'

'Hun ​စောင့်​​နေတယ်​...?'

'အင်း​လေ...'

'Hun က ဘာလာလုပ်​တာလဲ...ည​နေဖက်​ကြီးကို...ထူးထူးဆန်းဆန်း '

'ဟီး..ဘာလာလုပ်​လဲ သိချင်​ရင်​ အဝတ်​အစားလဲ ပြီး အပြင်​ကို ထွက်​ခဲ့ ....ဒါပဲ..'
Lu lu မျက်​နှာကြီးက တခုခု​တော့ တခုခုပဲ..
Baek မရမ်း​ဖျော့​ရောင်​ ပိုးသား ညဝတ်​ဂါဝန်လေးကိုလဲကာ ​​ပြေ​လျော့ကျ​နေ​သော ဆံနွယ်​စ​လေးများကို ခပ်​မြင့်​မြင့်​ စည်းတင်​ပြီး ထွက်​လာခဲ့သည်​...

You've reached the end of published parts.

⏰ Last updated: May 30, 2016 ⏰

Add this story to your Library to get notified about new parts!

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now