Baek ရင်ထဲမှာ နေလို့မကောင်း.. တစ်ခုခု လစ်ဟာနေသလိုမျိုး...မရှက်တမ်း ဝန်ခံရရင်
သူ့ကို သတိရနေမိတာကြောင့် ပါ....သူ မလာတာတော်တော်ကြာပြီလေ....အရင်ကဆို Wen လေးကို ကြိုရန် ဆိုတဲ့
အကြောင်းပြချက်နဲ့ သူ Baek ရှိရာကို
နေ့တိုင်းလာခဲ့သည်....လာတိုင်းလည်း Baek ကို စကားပြောဖို့ အမြဲကြိုးစားတဲ့သူရယ်လေ...Baek မှာလည်း သူ့ကို အရေးမလုပ်ဘဲ နေရတာ သေလောက်အောင် ခံစားရလို့ ရူးချင်ခဲ့ရသည်....
အခုသူမလာ ပြန်တော့လည်း Baek သူ့ကို တွေ့ချင်နေမိပြန်သည် သူ့စကားတွေကို ကြား ချင်နေမိပြန်သည်....'Park Chanyeol ရယ် ရှင်နဲ့တွေ့မှ ကျွန်မဟာလည်း ရယ်စရာ ပြက်လုံး တစ်ခုကို ဖြစ်လို့...'
သူ့ဘာကြောင့်များမလာတာပါလိမ့်နော်...
ခုတလော soo unnie ကပဲ wen လေးကို လာကြိုတာ တွေ့တယ်...အင်းလေ ငါက သူ့ကို အရေးမှ မလုပ်ဘဲ သူစိတ်ကုန်သွားတာ နေမှာ ပေါ့ ...ကောင်းပါတယ်လေ...
ဟု သာ တွေးလိုက်ပေမဲ့ Baek ရဲ့ ပါးပြင် ပေါ်မှာ တော့ မျက်ရည်တစ်စက် က ကြွေလွင့်သွားခဲ့ပြီ....Baek တစ်ယောက် တည်း အလွမ်းများပွေ့ပိုက်ရင်း
လမ်းမထက်တွင် ခေါင်းငိုက်စိုက်ကာ အတွေးများနေခိုက်'Baek ah...'
'အမေ့ ...Park Chanyeol'
ရုတ်တရက် ကျောဘက်မှ ထွက်ပေါ်လာသော အသံကြောင့်
Baek သူ့နာမည်ပင် ယောင်၍ ထွက်သွားသည်....'Baek omma နာမည်က Park Chanyeol လားဟင်...'
Yeol က ပြုံးစိစိ ဖြင့် မေးလိုက်တာကြောင့် Baek မျက်နှာ လေး ရှက်ရိပ်သမ်းသွားသည်....'မ ..မဟုတ်ပါဘူး...'
'ဒါဖြင့်ရင်...ကိုယ့်နာမည်ပေါ့....Baek က ကိုယ့်အကြောင်းကိုစဉ်းစားနေတာလား...?''ဘာ..ဘာလို့ စဉ်းစားရမှာလဲ...မစဉ်းစားပါဘူး...
ရှင်လျှောက်မပြောနဲ့....''ရော်...ကျွန်တော်က ဒီတိုင်းလေး မေးလိုက်တာ Baek က ဘာလို့ စကား တွေထစ်နေရတာတုန်းဗျ'