Part_5

415 44 0
                                    

'Annyeong....Baek'
Baek အား အပြုံးဖြင့်​နှုတ်​ဆက်​စကားဆိုလာ​သော Yeol 
သူ့အပြုံးကို ခံနိုင်​စွမ်းမရှိ​သော​ကြောင့်
'nae'
ဟု တလုံးတည်းဆိုကာ Baek ချက်​ချင်းပင်​ တဖက်​သို့ ပြန်​လှည့်​လိုက်​ရသည်

ဒါကို သတိမထားမိတဲ့ Yeol က

'Baek...ခဏ​လောက်​စကား​ပြောလို့ရမလား ဟင်​'

'မရပါဘူး Park Chanyeol shi....ကျွန်​မ အလုပ်​ ရှိ​နေလို့ပါ'
မာသည်​ ဟု မဆိုသာ​သော်​လည်း ​ပျော့​ပြောင်း​နေမည်​ မဟုတ်​သည့်​ Baek စကား ​ကြောင့်​ Yeol ​ကြောင်​သွားမည်​ထင်​သည်​.......

'အာ...ဟုတ်​သားဘဲ...ကျွန်​​တော်​လာတာ ​ကျောင်းချိန်​ ကြီး ဖြစ်​​နေတာ ​မေ့သွားတယ်​......mian nae Baek'

'ကိစ္စမရှိပါဘူး​ ...Park Chanyeol shi....
ခု​တော့ Baek ကို ခွင့်​ပြု ပါအုံး​နော်​....'

Baek ဟန်​​ဆောင်​ရတာ မွန်းကြပ်​လှပြီမို့ စကားကို ဖြတ်​ကာ သူ့​ရှေ့ မှ မြန်​မြန်​ ထွက်​လာခဲ့လိုက်​ပါတယ်​......
အခု​​တောင် သူ့ကို ​အေးစက်​ရတာ ဒီ​လောက်​ ခက်​ခဲ​နေရင်​ ​​နောက်​များသာဆို Baekရဲ့ နှလုံးသား​တွေ တစစီများဖြစ်​​လေမလား...ဟု Baek အထိတ်​တလန့်​​တွေးမိလိုက်​သည်​...

'ရှင့်​ အတွက်​ပါYeol ရယ်​.....​ရွေးချယ်​စရာ မရှိတဲ့ Baek အ​နေနဲ့ မျိုးနွယ်​ အ​ပေါ် သစ္စာ ​စောင့်​သိမှုဆိုတာထက်
Baek နဲ့ ပတ်​သက်​ပြီး Yeol အန္တရာယ်​ တစုံတခု ဖြစ်​မှာ ကို မလိုလားတာ​ကြောင့်​ ခုကတည်းက Baek ပဲ
ရင်​ကွဲခံပါရ​စေ​တော့...'

ဟုသာ ​နောက်​တွင်​ အံ့သြရင်းကျန်​ရစ်​ခဲ့​သော Yeol အား မှန်း​ဆကာ တိတ်​တိတ်​​လေး ​ရေရွတ်​လိုက်​မိတော့သည်​.....

---------------➳
မ​နေ့တုန်းက Baek က နွေး​ထွေးနူးညံ့​တဲ့ အပြုံးများနဲ့အတူ သူနဲ့ တရင်းတနှီးရှိ​နေခဲ့တယ်
ဒီ​နေ့ မှာ​တော့ ခံစားချက်​ ကင်းမဲ့တဲ့မျက်​နှာ ​ရေခဲရိပ်​လွှမ်း​နေ​​သော ​အေးစက်​စက်​ စကား​လုံး​တွေ ​ပြောင်းလဲသွားတဲ့ အ​ခေါ်အ​ဝေါ် ​တွေနဲ့ Baek က သူ့ကို တစိမ်းဆန်​လွန်း​နေခဲ့ပြန်​တယ်​.......

ပြောင်းလဲသွား​သော Baek​ကြောင့်​ Yeol အ​ခြေအ​နေ​တွေကို ​နားမလည်​နိုင်​စွာ....အ​ယောင်​​ယောင်​အကန်းကန်း ​တွေး​တော​နေမိတယ်​.....

စည်းခြားထား​သောအချစ်​(Nine Tail Fox)Wo Geschichten leben. Entdecke jetzt