Part-7

373 37 0
                                    

'မင်းကို ​ပေးမဲ့ တာဝန်​က ဒီလူနှစ်​​ယောက်​ကို ​စောင့်​ကြည့်​ ဖို့ဘဲ..lu lu....'
ခေါင်း​ဆောင်​ ​လှမ်း​ပေး​သော ဓာတ်​ပုံနှစ်​ပုံအား lu lu တ​လေးတစား ယူလိုက်​သည်​..
ခေါင်း​ဆောင်​ကိုယ်​တိုင်​က ​စောင့်​ကြည့်​ ဖို့ ​စေခိုင်းလာသည်​ဆို​တော့ ဘယ်​လိုလူ​တွေများပါလိမ့်​ ဟု သိချင်​စိတ်​ဖြင့်​ ဓာတ်​ပုံကို ခပ်​မြနိမြန်​ပဲ ကြည့်​လိုက်​​တော့

'ဟင်​'
သူမအံသြသံက အပြင်​ပင်​ လျှံထွက်​သွားတာ​ကြောင့်
'ဘာဖြစ်​လို့လဲ lu lu မင်းသိတဲ့လူလား'

'ar,,arnyi မသိပါဘူး'
'​ခေါင်း​ဆောင်​ က ဘာ​ကြောင့်​များ ဒီ​လူနှစ်​​ယောက်​ကို 
စောင့်​ကြည့်​ခိုင်းရတာလဲဆိုတာ သိချင်​မိလို့ပါ'

ပြောပြီး ​ခေါင်း​ဆောင်​မျက်​နှာကို ကြည့်​လိုက်​​တော့ lu lu လိမ်​​ပြောလိုက်​တာကို ရိပ်​မိပုံ မ​ပေါ်
တကယ်​​တော့ ထိုလူနှစ်​​ယောက်​ထဲက တ​ယောက်​ကို lu lu ​ကောင်း​ကောင်းသိပါသည်​....ထိုလူ့​ကြောင့်​ Baek ခံစား​နေရတာ ​လေ...သူ့နာမည်​က Park Chanဘာ​ဆိုလား...
ဒါ​ပေမဲ့ ဒီလူက ဘာလဲ? ​ခေါင်း​ဆောင်​ရဲ့ အစီအစဉ်​ ထဲမှာ​တောင်​ ပါလာပြီဆို​တော့....?

သူ့အ​တွေးမဆုံးခင်​မှာ ပဲ ​ခေါင်း​ဆောင်​ရဲ့ အသံထွက်​​ပေါ်လာသည်​ ..

'သူတို့နှစ်​​ယောက်​က ​တောင်​ကိုရီးယားရဲ့ အ​တော်​ဆုံး Inspector ​တွေပဲ ငါတို့ရဲ့ အစီအစဉ်​ မှာ သူတို့ ပါလာပြီ ဆိုရင်​ တခုခု ချွတ်​​ချော်​မှုဖြစ်​နိုင်​တယ်​...'

'ဟင်​ သူတို့က IP ​တွေ ..ဟုတ်​လား..'

'အင်း ...ရိုးရိုးIP အဆင့်​​တောင်​မဟုတ်​ဘူး ...IP ​လောက မှာ အထူးချွန်​ဆုံး​တွေပဲ မင်းကို ​ပေးထားတဲ့ ဓာတ်​ပုံ ထဲမှာ အသားညိုညိုနဲ့တ​ယောက်​က Kim Jong in သူ့ကို Kim Kai လို့လည်း သိကြတယ်
နောက်​တ​ယောက်​က Park Chanyeol '

,,အော်​ ဟုတ်​သားပဲ Park Chanyeol ပဲ သူ့နာမည်​က,,
ခေါင်း​ဆောင်​ ​ပြောသည့်​ စကားများကို ဆက်​နား​ထောင်​လိုက်​သည်

'မင်း အဓိက သတိထားရမှာက Kim Kai ဆိုတဲ့လူပဲ သူက တို့မျိုးနွယ်​စု ရဲ့ တစိတ်​တ​ဒေသကို သိထားတယ်
Park Chanyeol ဆိုတဲ့သူက​တော့ အစကအယုံကြည်​မရှိဘူး... Kim Kai ဆိုတဲ့သူက Park Chanyeol ကို တို့မျိုးနွယ်​စု အ​ကြောင်း ယြုံကည်​လာ​အောင်​ အကြိမ်​ကြိမ်​ ​ကြိုးစား​နေတယ်​လို့ငါသိထားတယ်​....'

စည်းခြားထား​သောအချစ်​(Nine Tail Fox)Unde poveștirile trăiesc. Descoperă acum