Part:6

393 45 0
                                    

AT YEOL HOME;;

'ကြွပါခင်​ဗျာ...ကျွန်​​တော့်​အိမ်​က​နံရံ​တွေမှာ​တော့ နား​တွေမရှိ​လောက်​ဘူး ထင်​တာပါပဲ...'

Yeol စကား​ကြောင့်​ Kai နဲ့ chen တ​ယောက်​မျက်​နှာ တ​ယောက်​ကြည့်​ပြီး ပြုံးမိလိုက်​ကြသည်​....

ထို့​နောက်​ခြံတံခါးကိုဖွင့်​ကာ အတွင်းသို့ ​ခြေချမိသည့်​အခါမှာ​တော့
ကျယ်​ဝန်း​သော ခြံထဲတွင်​ ရိုးရှင်း ​​သပ်​ရပ်​စွာတည်​ဆောက်​ထား​သော တစ်​ထပ်​တိုက်​အိမ်​​လေးက ဘေးတွင်​ 
လှပစွာတူး​ဖော်​ထားသည့်​ရေကန်​ငယ်​​လေးတခုနှင့်
အနံ့​မွှေးပန်း​တွေချည်း စိုက်​ပျိုးထား​သော ဥယျာဉ်​ ဟု မဆိုသာသည့်​ ပန်းခြံ ငယ်​​လေးတခု တို့ဖြင့်
လွန်​စွာ ပနံသင့်​လျက်​ ရှိ​နေ​သော မြင်​ကွင်းတို့က Kai အား ဆီးကြို​နေသည်​ ကို ​မြင်​​တွေ့လိုက်​ရသည်

ထိုပင်​မက​သေး အိမ်​အတွင်းပိုင်း၏ အပြင်​အ​ဆင်​ကလည်း Kim Kai ဆို​သော သူ့အား တအံတသြရှိ​စေခဲ့သည်
ကိုးရီးယား ယဉ်​​ကျေးမှုတို့ကိုသာ အသုံးပြုထား​သော Decoration ​တွေက မြင်​ရသူအဖို့ ဂျိုဆွန်း​ခေတ်​ပင်​ ပြန်​လည်​​ရောက်​ရှိသွားသ​လို

Yeol ရဲ့အိမ်​​လေးကို ကြည့်​ကာ Kai သ​ဘောတရရှိလှစွာ မချီးကျုးဘဲ မ​နေနိုင်​​တော့ပြီမို့

'Chan yeol shiရဲ့ အိမ်​ကို ကျွန်​​တော်​​တော်​​တော်​ သ​ဘောကျသွားပြီဗျာ....ခင်​ဗျားက ဒီဘက်​ပိုင်းထိပါ
တော်​​နေခဲ့တာ ပါလားးဗျ....'
Kai တအံတသြ​ရေရွတ်​သံ​ကြောင့်

'ဟားဟား မဟုတ်​ရပါဘူးဗျာ...ဒီအိမ်​ရဲ့ Decoration ​တွေနဲ့ ခြံထဲက landscape ​တွေအကုန်​လုံးက ကျွန်​​တော့်​လက်​ရာလို့ IP ကထင်​​နေတာလား..ကျွန်​​တော်​အဲ့​လောက်​ထိ မစွမ်းပါဘူးဗျာ ...'ဟု  ရယ်​​မောကာ ပြန်​၍ ​ပြောလာ​သော Yeol ​ကြောင့်​ Kai ​ကြောင်​သွားရကာ

'ဟင်​ ခင်​ဗျားလုပ်​တာမဟုတ်​ဘူးလား...ဒါဆို Home Deco ​တွေကို ​ခေါ်လုပ်​တာလား?'

ဒီတခါပြန်​​ဖြေသည့်​သူက​တော့ Yeol မဟုတ်​​တော့ပါ

'ဒါ​တွေက ကျွန်​မ အ​တွေးရသ​လောက်​​လေးနဲ့ 
မွမ်းမံထားတာပါရှင်​'..ဟု​ပြောရင်း ဝင်​လာ​သော သိမ်​​မွေ့  နူးညံ့သည့်​ အလှတို့ကို ပိုင်​ဆိုင်​ထားသည့်​ အမျိုးသမီးတစ်​ဦး
'Yeollie ဒီတခါ အိမ်​ကို ​ပြန်​​ရောက်​တာ ​စောလှချည်​လား ' ဟု​ပြောကာ တဆက်​တည်းမှာပင်​ သူ့ဘက်​လှည့်​ကာ
'Yeollie ရဲ့ ဧည့်​သည်​ထင်​တယ်​ ​တွေ့ရတာ ဝမ်းသာ ပါတယ်​ရှင်​ 'ဟု သူမက လွန်​စွာ သိမ်​​မွေ့​သော အပြုံး ​လေးဖြင့်​ဆို​လေသည်​...

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now