Part:13

328 31 0
                                    

မအီမလည်​ဖြစ်​ကာ မူး​နောက်​​သော ခံစားချက်​တို့နှင့်​အတူ Yeol နိုးထလာခဲ့သည်​......

'အား.....​ခေါင်းကိုက်​လိုက်​တာ....မ​နေ့က ငါ​သောက်​တာ များသွားတယ်​ထင်​တယ်​....'

တဆစ်​ဆစ်​ ကိုက်​​နေ​သော ​ခေါင်းကို လက်​ဖြင့်​ ဖိနှိပ်​​နေရင်းမှ ထူးခြား​နေ​သော ပတ်​ဝန်းကျင်​ကို Yeol သတိပြုမိသွားသည်​....

'ငါ့ အခန်းက ဘယ်​လိုဖြစ်​​နေတာလဲ....'
စက္ကန့်​ပိုင်းအတွင်း မှာပင်​ ကိုယ့်​အခန်းမဟုတ်​ သည်​ကို သိလိုက်​ရ​သော Yeol အံသြခြင်းတို့နှင့်​အတူ....အ​တွေးများသွားခဲ့သည်​.. ...

'ဟင်​...ဒါဘယ်​​နေရာကြီးလဲ....ညကဘာ​တွေဖြစ်​ခဲ့တာလဲ'
Yeol အားယူကာညက အဖြစ်​အပျက်​ များကို ပြန်​စဉ်းစား​လိုက်​မိသည်​....

ညက လူတ​ယောက်​ငါ့ကို သတ်​ဖို့ကြိုးစားတယ်​....​နောက်​​တော့ မိန်းက​လေးတ​ယောက်​.....​ယောကျာ်းတ​ယောက်​ ထပ်​​ရောက်​လာတယ်​....ဟုတ်​တယ်​..သူတို့ အ​ခြေအတင်​ စကား​ပြော​နေကြသလိုပဲ....​နေအုံး....အဲ့မိန်းက​လေးကို ငါရင်းနှီး​နေသလိုပဲ....ဘယ်​သူပါလိမ့်​ ....
အား ​ခေါင်းကိုက်​လိုက်​တာ......ဘယ်​သူလဲ သူမက ဘယ်​သူပါလိမ့်​......

Yeol ​တွေး​နေရင်းမှ ​အာရုံထဲသို့ ပုံရိပ်​တချို့ ​ပေါ်လာသည်​..

'ဟင်​....Baek' ....ဟုတ်​တယ်​...ညက မိန်းက​လေးက Baek ပဲ....ဒါဆို Baek က ဒီကို ​ခေါ်လာတာ​ပေါ့...

'ဒါနဲ့ ငါ့ကို လုပ်​ကြံ ချင်​တဲ့သူနဲ့ Baek နဲ့က သိ​နေသလိုပဲ .
ပြီး​တော့ ​နောက်​ထပ်​​ယောကျာ်းတ​ယောက်​က​ရော ဘာလို့​ရောက်​လာတာလဲ....'
ရှုပ်​ယှက်​ခတ်​​နေ​သော ​အ​ကြောင်းအရာများအား တစစီပြန်​အစ ဆွဲထုတ်​​နေရင်းမှ ခုတင်​​ပေါ်​ထောက်​ထား​သော Yeol ရဲ့ လက်​တဖက်​က အိပ်​ရာ ခင်း​ပေါ်မှ အရာ တစ်​ခုကို ထိမိသွားခဲ့သည်​....ထိုအရာ​ကြောင့်​ Yeol စိတ်​​တွေလှုပ်​ရှားသွားသည်​......ဇ​ဝေဇဝါ လည်းဖြစ်​သွားရသည်​...

'ဟင်​...​​ခေါင်းစည်းကွင်း....မိန်းမ​ခေါင်းစည်းကွင်းက ဘယ်​လိုလို့ဒ်ီ​ရောက်​.....' ​ ​ပေါ်လာ​သော အ​တွေး​ကြောင့်​ Yeol မျက်​လုံးပြုး သွားသည်​....

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now