Part:15

354 32 2
                                    

'အား.....'
Lu lu နိုးသွားမှာ စိုးလို့ နာကျင်​မှုကို ညတိုင်း အံကြိတ်​ခံ​နေခဲ့တာ....အခုတခါ ​ကျောဘက်​က စူး​အောင့်​တဲ့ ​ဝေဒနာက ခါတိုင်းလိုမဟုတ်​ဘဲ....ဓားထက်​ထက်​နဲ့ မွှန်းလိုက်​သလိုပင်
ခံစားရတာ​ကြောင့်​ နှုတ်ခမ်း​​ပြတ်​ထွက်​မတတ်​ ကိုက်​ကာကြိတ်​မှိတ်​ခံရာက​နေ အသံ ပင်​ ထွက်​သွားခဲ့ရသည်​...

'Baek....ဘာဖြစ်​တာလဲ...'
Baek ​အော်​သံ ကြားသွားလို့ထင်​တယ်​ lu lu အပြင်​က​နေ တံခါးကို တဒုန်းဒုန်း ထုကာ ​မေး​လေသည်​...

'ဘာ..ဘာမှ မဖြစ်​ဘူး..lu lu ..ငါ ဒီတိုင်း...အိမ်​မက်​ဆိုး မက်​လို့ လန့်​​အော်​လိုက်​တာ...'
Baek နာကျင်​မှုကို မျိုသိပ်​ကာ lu lu အား ပြန်​​ပြောလိုက်​သည်​....

'ဟုတ်​ရဲ့လား...Baek ရယ်​....တံခါးလာဖွင့်​ပါအုံး...ငါဝင်​လာကြည့်​ပါရ​စေ...'

'lu lu ah mian...ငါ အရမ်းအိပ်​ချင်​လို့ ပြန်​အိပ်​​တော့မယ်​....နင့်​ကို အ​နှောင့်​အယှက်​ ​ပေးသလို ဖြစ်​သွား တယ်​.....နင်​လည်း ပြန်​အိပ်​​တော့​လေ....'

'​အေးပါ....အဲ့လိုဆိုလည်း..ငါသွားအိပ်​​တော့မယ်​..
တခုခုဆို ငါ့ကို လာ​ပြော​နော်​...Baek..'

'arraso'

lu lu ထွက်​သွားပြီးမှ Baek အသက်​ ဝဝရှူရဲ ​တော့သည်​.
ခုရက်​ပိုင်း အတွင်းမှာ ည သန်း​ခေါင်​ယံ တိုင်​ သည်​နှင့်​ ​ကျောဘက်​က စူး​အောင့်​လာမြဲ ဖြစ်​​နေသည်​...ဘာ​ကြောင့်​လဲ ဆိုတာ ​ရေ​ရေရာရာ စဉ်းစားမရ ....တခု​တော့ သတိထားမိတာက Yeol နဲ့ တစ်​ညတာကုန်​လွန်​ပြီးတဲ့ ​နောက်​ပိုင်းကစပြီး ဒီ ​ဝေဒနာကို Baek စတင်​ခံစားရတာ
....ဘယ်​လိုပဲ ဖြစ်​ဖြစ်​ပါ ဒီကိစ္စ lu lu သိလို့မဖြစ်​ဘူး..
lu lu သိရင်​ အရမ်းစိတ်​ပူသွားမယ့်​အပြင်​ Baek ဖုံးကွယ်​ ထားတဲ့ ကိစ္စ လည်း သိသွားနိုင်​တယ်​...

မနက်​မိုးလင်း ​တော့ lu lu က ထမင်း စားခန်းမှာ မနက်​စာ နဲ့အသင့်​ ​စောင့်​​နေတာကို ​တွေ့လိုက်​ရသည်​...

Baek ထိုင်​ခုံတွင်​ ဝင်​ထိုင်​လိုက်​ပြီး lu lu ပြင်​ထား​သော ​မနက်​စာ ဖြစ်​သည့်​ ​ပေါင်​မုန့်​ ​ထောပတ်​သုတ်​ နှင့်​ ​ကော်​ဖီကို လှမ်းယူ စားလိုက်​သည်​...

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now