Part:10

310 35 0
                                    


အိမ်​သို့​ရောက်​​တော့ အိပ်​ရာ​ပေါ်တွင်​ ​​ဖျော့​တော့စွာ လှဲ​နေ​သော Baek ကို ​တွေ့လိုက်​ရသည်​....
'Baek ...ဘာဖြစ်​တာလဲ...​နေမ​ကောင်းဘူးလား...'
Lu lu စိုးရိမ်​တကြီး ​မေးလိုက်​​တော့ Baek က lu lu ဘက်​ကို လှည့်​ကာ ပြုံးပြရှာသည်​ ...

'ဟင်​ နင်​..နင်​ ငိုထားတာလား...မျက်​လုံး​တွေ အစ်​​နေတာပဲ Baek ရယ်​ ...ဘာဖြစ်​လို့လဲ​ ..ငါ့ကို​ပြော​ပါအုံး.. ငါစိတ်​ပူလို့​သေ​တော့မယ်​ဟာ...'

မျက်​စိပျက်​မျက်​နှာပျက်​ဖြင့်​ ​ပြောလာ​သော lu lu ​ကြောင့်
Baek ပို၍ ပင်​ ဝမ်းနည်းသွားသည်​...Baek က Baek ​ချစ်​တဲ့သူအကုန်​လုံးကို ဝမ်းနည်း​စေတာပါလား..Baek မျက်​ရည်​​တွေ တားဆီးလို့ပင်​ မမှီလိုက်​​တော့...

'ဟင်​..ငိုပြန်​ပြီ Baek ရယ်​...မငိုပါနဲ့​နော်​ နင်​ငိုရင်​ ငါလည်း ငိုချင်​တယ်​ဟာ...ဘာ​တွေဖြစ်​လဲ ငါ့ကို ​ပြောပြ​လေဟာ..​နော်
'
'ငါ..ငါ​လေ..ဒီကမ္ဘာ​ပေါ်မှာ ​မ​မွေးဖွားလာခဲ့ရင်​ ​ကောင်းမှာဘဲ​နော်​....ငါ..ငါအသက်​မရှင်​ချင်​​တော့ဘူး lu lu ရယ်​..
ငါက ငါချစ်​တဲ့သူ​တွေကို ဝမ်းနည်း​အောင်​ပဲ လုပ်​တတ်​တာပါ..lu lu ရယ်​ ငါ​တောင်းပန်​ပါတယ်​​နော်​....'

'မဟုတ်​တာ​တွေ မ​ပြောစမ်းနဲ့ Baek ရယ်​...နင့်​ရဲ့ ​မွေးဖွားလာမှုက ငါတို့အတွက်​ ​ပျော်​ရွှင်​ခြင်း ဆုလာဘ်​ တခုပါ
ခု ဘာ​တွေဖြစ်​လာတာလဲ ငါ့ကို ​ပြောစမ်းပါ....နင်​တစ်​​ယောက်​တည်း ကြိတ်​ပြီး ခံစားမ​နေနဲ့​လေ....​နော်​..'

Lu lu ရဲ့ စကား​ကြောင့်​ Baek အသံ​လေး တုန်​တုန်​ယင်​ယင်​နဲ့ ထွက်​လာသည်​ ......

'ငါ့...ငါ့...ကို​လေ သူ ဖွင့်​​ပြောဖို့ ကြိုးစား​​တယ်​ lu ရယ်
ငါ ဘာလုပ်​ရမလဲ ...ကြာရင်​ ငါ ခံနိုင်​မှာ မဟုတ်​​တော့ဘူး...
ငါ ချစ်​ခွင့်​ မရှိတဲ့အချစ်​ကြောင့်​ မရူးမိုက်​ချင်​ပါဘူးဟာ...
ဒါ...ဒါ​ပေမဲ့​လေ သူ အခု အရမ်းခံစား​နေရမှာ...သိလား..
သူခံစား​​နေရတာမြင်​​လေ...ငါရင်​မှာပိုနာကျင်​ရ​လေပဲ..
ပြီး​တော့​လေ.ငါ...ငါ့ရဲ့ အပျိုစင်​ဘဝ က ပျက်ပြားပီလားမသိဘူး...lu lu.....'

Baek စကား​ကြောင့်​ lu lu မျက်​လုံးပြူးသွားရကာ

'ဘယ်​လို ....? နင်​ အပျိုစင်​ဘဝ ပျက်​ပီဆိုတာ ဘာကို ဆိုလိုတာလဲ...'

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now