Part:4

602 66 0
                                    

သီချင်း​လေး ညည်းရင်း​ လက်​တွင်​ကိုင်​ထား​သော စလင်းဘတ်​ အား ရမ်းကာ ရမ်းကာ ဖြင့်​ ပြန်​လာ​သော Baek ပုံစံ ကို lu lu အထူးတဆန်း ကြည့်​​နေသည်​.......

'ဟဲ့....Baek ......'

'အိုး..အ​မေ့....'

ရုတ်​တရက်​ ထွက်​လာ​သော lu lu အသံ​ကြောင့်​ ကိုယ့်​ flow နဲ့ ကိုယ်​ သွား​နေ​သော Baek အလန့်​တကြား ဖြစ်​သွားရသည်​...

'အမ​လေး..လန့်​လိုက်​တာ lu lu မ ရယ်​...​ဖြေး​ဖြေး ​ခေါ်လည်းရရက်​နဲ့ကို.... '

'ငါ​ခေါ်တုန်းက​တော့ ​ဖြေး​ဖြေး ပါ နင့်​ဟာနင်​ စိတ်​​တွေ ဘယ်​​ရောက်​​နေမှန်းမသိဘဲ ထလန့်​​နေတာ.....'

'ဒါ​​တွေ ထားပါ...ခု ဆိုစမ်းပါအုံး....
ဒါက ဘာဖြစ်​လာရတာလဲ....'

'ဟင်​..ဘာကိုလဲ...အဆုံးမရှိအစမရှိနဲ့...'

'ဘာကိုရမှာလဲ..သီချင်း တညည်းညည်းနဲ့ ဝင်​လာတဲ့ကိစ္စကို​ပြော​နေတာ.....'

'​သြော်​ ..ဒါလား...အဟီး...'
မေးတာကို မ​ဖြေ​သေးဘဲ အရင်​ ဖြီးပြ​နေ​သော baek မ အား...ဘာလဲဆိုသည့်​ သ​ဘောဖြင့်​ lu lu ကြည့်​လိုက်​သည်​....

'Lu lu လက်​ခဏ​ပေး...'

'ဘာလုပ်​မို့လဲဟယ်​....´

သိချင်​​နေပါတယ်​​ ဆိုမှ မ​ဖြေဘဲ ဘာ​တွေ လာလုပ်​ မှန်းမသိ

'​ပေးပါဆို​နေဟာ....'
ပြောလည်း​ပြော lu လက်​တဖက်​အား ဆတ်​ခနဲ ဆွဲယူကာ သူမ၏ ရင်​ဘတ်​ ​ပေါ်သို့ ဖိလိုက်​သည်​.....

ရုတ်​တရက်​ မို့ ​ကြောင်​သွားရကာ ပြီးမှ

'ဟဲ့ ဘာ​တွေ လုပ်​ ​နေတာလဲ...နင်​..နင်​​နော်​..
ငါ့မှာ oh sehun ရှိတယ်​​လေ...ပြီး​တော့ ငါက Yuri မဟုတ်​ဘူး​နော်​....'

ပြူးပြူးပျာပျာ ဖြင့်​ အလန့်​တကြား​ပြော​နေ​သော lu lu အား ကြည့်​ပြီး Baek ခွီးခနဲ ရယ်​ချလိုက်​သည်​...

'အမ​လေး lu lu မရယ်​...ဒီက မမBaek ကလည်း yuri မဟုတ်​ပါဘူးရှင်​....
ရှင့်​ကို ကျွန်​မက စမ်းခိုင်းစရာ ​လေး ရှိလို့ပါဟယ်​...'

အဲ့​တော့မှ 

'​စော​စောတည်းကရင်​ အဲ့လို​ပြော​ပေါ့ ခုဟာက လက်​ကြီးကို ဆတ်​ခနဲ ရင်​ဘတ်​နဲ့​ပြေးကပ်​လိုက်​တာကိုး...'

စည်းခြားထား​သောအချစ်​(Nine Tail Fox)Where stories live. Discover now