အခန်း (၂) - အတိတ်ပုံပြင် (၁)

4.4K 397 99
                                    

Unicode ‼️

🎵 အရွယ်​ငယ်​စဉ်​အခါမှာ စိတ်​ကို
ညှို့ယူဖမ်းစားတဲ့ သူ ရယ်သံ​လေး ဘယ်​ဆီမှာ ??
ရေမြေတစ်​ခုလုံး ဆုံး​တော့မယ်​. .
ရှာကြည့်​လဲမလွယ်​. . . .

ပင်​လယ်​လိုပြာပြာ အသဲကို လှုပ်​ကာ
ကစားတတ်​တဲ့​ရွှေသမင်​မျက်​လုံး ပိုင်​ရှင်​ရာ
ဘာအ​ကြောင်း​ကြောင့်​မို့ကွယ်​
ငယ်​ချစ်​ကို သနားဖူးလား ??
ရင်​မှာ​သောက​တွေ​ဝေတယ်​
ဒီမှာ ရှားရှားပါးပါး မျက်​ရည်​တွေလဲ
ခမ်း​တော့မယ်​ကွယ်​~~ 🎵

အ​ဝေးက ပျံ့လွင့်​လာတဲ့​တေးသံ​ချိုချိုလေးကလဲ တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​ ၊
ခံစားချက်​တွေ ပြည့်​နှက်​နေတဲ့ ကျွန်​မအတွက်​သီဆို​ပေး​နေသ​ယောင်​ယောင်​။

ဖွင့်​လျက်​ထားတဲ့ Diary စာအုပ်​လေး​ပေါ်မှာ​တော့ မျက်​ရည်​စက်​တွေက တစက်​ပြီး တစက်​ကျရင်း​နေရာယူလျှက်​။

အ​တွေးအာရုံများက​တော့ ကြည်​နူးစရာ အတိတ်​ကမ္ဘာမှာ ကပ်​ငြိ​နေရင်း ။

......အချစ်ဦးသည်သာ.......

ကိုရီးယားနိုင်ငံ ၊ ဘူဆန်အထက်တန်းကျောင်း။

ကျောင်းစဖွင့်​တဲ့ရက်​ဖြစ်​၍​ကျောင်းအတွင်း ယူနီ​ဖောင်းဆင်​တူ ပုံစံတူ နှင့်​ချစ်​စဖွယ်​ကောင်း​သော နုပျိုလန်းဆန်းတက်​ကြွ​နေသည့်​
ကျောင်းသူ​ကျောင်းသား​လေးများ၏ ဟိုဒီ
လှုပ်​ရှား သွားလာမှုများ နှင့်​အတူ​ကျောင်း​တော်​ကြီးမှာ အသက်ဝင်လှပ​နေခဲ့သည်​။

အထက်​တန်း ဒုတိယနှစ်​တက်​ရမည့်​
​ကျောင်းသူ​ကျောင်းသားများ မိမိတို့ စာသင်​ဆောင်​ရှိသည့်​နေရာသို့ ချီတက်​သွားလာ​နေသည့်​ထဲတွင်​
ဟန်ဆုယောင်းဆိုတဲ့ ကျွန်​မလဲ ပါဝင်​ခဲ့ဖူးသည်​။

ယခုနှစ်​တွင်​လဲ အထက်​တန်းပထမနှစ်​
တုန်းကကဲ့သို့ပင်​ (Section B) ခန်းတွင်​
စာသင်​ရမှာဖြစ်ပြီး​ကျောင်းပိတ်​ကထဲက
မ​တွေ့ဖြစ်​သော ကျွန်​မရဲ့ အတန်း​ဖော်​
အချစ်​ဆုံးသူငယ်​ချင်း ကင်ယူမီ ကို​တွေ့ချင်​ဇောရယ်​၊
စာသင်​ခန်းသို့​ရောက်​ချင်​ဇောရယ်​နဲ့
မပြေး​ယုံတမယ်​သွား​နေမိသည့်​ကျွန်​မ ။

အချစ်ဦးသည်သာWhere stories live. Discover now