အခန်း(၃၃) - ချစ်မေတ္တာဟူသည် (၈)

405 64 65
                                    

Unicode

နှုတ်တော်ပါးက ချစ်တယ်လို့ ခြွေချလိုက်တိုင်း
ကောင်းကင်ပေါ်မှာ လမ်းလျှောက်နေရသလို
ရင်တလှပ်လှပ်

သူ့လက်ကလေးကို ဆွဲကိုင်လို့
အတူတူသွားရတဲ့ နေရာတိုင်း
ပန်းခင်းထားတဲ့ လမ်းကလေးကို
ဖြတ်လျှောက်နေရသလို
နူးနူးညံ့ညံ့ မွှေးမွှေးပျံ့ပျံ့

ထိုနိဗ္ဗာန်ဆိုတဲ့အရာ
တကယ်ရှိတယ်ဆိုတာ
မင်းကြောင့်သာ
ယုံကြည်ခဲ့မိတာပါ
ကိုယ့် အချစ်ဦးသူရာ ။

.............. အချစ်ဦးသည်သာ ............

မျက်စိရှေ့ဝယ် မြင်နေရတဲ့ အဖြူရောင် သတို့သမီးလေးက လှနိုင်ရက်လွန်းသည်။ အချိုမြိန်ဆုံးသော အပြုံးတွေက သူမနှုတ်ခမ်းထက်ဝယ် တွဲလွဲခိုလျက်ဖြင့်။

အလှပြင်ခန်းအတွင်း အဖြူရောင် ခုံလှလှလေးတွင် ထိုင်နေတဲ့သူမက သူမဘေးဝယ် မတ်တပ်ရပ်လျက် ရှိနေသည့် သတို့သားလေးကို မော့ကြည့်လိုက် နှစ်ယောက်သား စကားတွေခြွေချရင်း ရယ်မောလိုက်ဖြင့် ထိုပုံရိပ်လေးမှာ ဘဝင်အေးစရာကောင်းနေပြန်သည်။

ထိုကြည်နူးဖွယ် မြင်ကွင်းလေးကို ပြုံးပြီး ကြည့်ရင်းမှ သူတို့နှစ်ယောက်ရှိနေရာ အခန်းအတွင်းသို့ ကျွန်မ ခြေတလှမ်းခြင်းလျှောက်လှမ်းပြီးသာ ဝင်ရောက်လိုက်မိတော့သည်။

"Congratulations ပါ ယူမီ...."

လက်ထဲဝယ် ကိုင်ထားတဲ့ ပန်းစည်းလေးကို သူမအရှေ့သို့ ပေးရင်း ထိုစကားကို ချစ်စဖွယ် ဆိုလိုက်တော့  ကျွန်မကို မြင်တာနဲ့ ချက်ချင်း ဝမ်းသာလုံးစို့သွားဟန်ပေါ်လေသည့် သူမ ။

"ဆုယောင်း ....."

ဝမ်းသာစွာခေါ်ရင်းဖြင့် အလှဆုံးပြုံးနေရာကနေ ချက်ချင်း ငိုတော့မလို မျက်နှာလေးဖြစ်သွားတာ တကယ်  ယူမီ ပါလေ။

ကျွန်မအတွက်ရော သူမအတွက်ပါ  ဟန်ဆုယောင်းနဲ့ ကင်ယူမီ ဆိုတာ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းသာ။

"ငါ့မင်္ဂလာဆောင်မှာ ခုလို ဆုယောင်း ရှိနေပေးနိုင်တာ အရမ်းဝမ်းသာတာပဲဟာ ... "

ကျွန်မကို အသာပွေ့ဖက်ရင်း ပြောလာလေတဲ့  သတို့သမီးလေး ။

အချစ်ဦးသည်သာWhere stories live. Discover now