အခန်း(၂၂) - ပျော်ရွှင်ခြင်းနေ့ရက်များ(၇)

2.3K 239 80
                                    

Unicode ‼️

⭐တူနှစ်ကိုယ်တွဲ
ပျော်ပွဲဆင်လို့
ဆော့ခဲ့ဖူးသည်
ဒီကမ်းစပ်ဆီ ။

⭐တမ်းတမ်းတတ
လွမ်းရပါသည်
ပြန်မရတော့မဲ့
အတိတ်တွေဆီ ။

⭐ ချစ်ခဲ့ဖူးတဲ့
အချစ်ဦးမည်သည့်
ထိုသူမ လေးရော
လွမ်းလို့နေမလား
သိချင်ပါသည်
ပျော်ရွှင်ခြင်းနေ့ရက်ဆီ ။

•••••••• အချစ်ဦးသည်သာ ••••••••

ကမ်းခြေမှာ ပျော်ပါးဆော့ကစားနေတဲ့ သူလေးတွေကို မြင်ခဲ့ရတော့ အတိတ်က ရင်ခုန်သံလေးက ပြန်လည် လတ်ဆတ်လာပြန်သည် ။

ဝဲဘက်နှလုံးသားထက်က တဒိတ်ဒိတ် လှုပ်ခုန်နေတဲ့အသံနဲ့အတူ နက်နက်ရှိုင်းရှိုင်း သတိရလွမ်းဆွတ်မှုကတော့ အနှိုင်းမဲ့ ။

ပျော်ပါးနေတဲ့သူတွေကို ငေးရင်း နှိုင်းယှဉ်ကြည့်ချင်တာက ကျွန်တော်တို့တုန်းကလောက် ပျော်နိုင်ပါ့မလားလို့။

ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့အတူ တစ်ဖွဲ့ထဲကျရင်း စုံတွဲ Game လေး ဆော့နိုင်ခဲ့တဲ့ ကျွန်တော်က ကံအကောင်းဆုံးလူသား ဖြစ်ခဲ့ဖူးတယ်မဟုတ်လား ။

ဒါပေမဲ့ ကိုယ်လေ ....

မျက်လုံးလေးအသာမှိတ်ရင်း အတိတ်ကမ္ဘာရှိ နှစ်ကိုယ်တူညီ ဆော့ခဲ့ဖူးတဲ့ ပြိုင်ပွဲလေးဆီ
အလည်သွားမိတိုင်း စိတ်ဝိဥာဉ်နဲ့ နှုတ်တော်ပါးက မြတ်နိုးစွာ ရွတ်ဆိုမိတာ

"ဟန်ဆုယောင်း" ဆိုတဲ့ ကောင်မလေးရယ်

"Lucky Seven" ဆိုတဲ့ နံပါတ်လေးနဲ့

"The Most Beautiful & Playful Couple in Beach " ဆိုတဲ့ ဆု Title လေးတွေကလွဲပြီး တခြား ဘာရှိနိုင်ဦးမှာလဲတဲ့ကွာ ။

နောက်ဆုံးတော့လဲ
တကယ် တမ်းတကာ လွမ်းလို့ နေတာ
အချစ်ဦးရှိရာ ပျော်ရွှင်ခြင်းနေ့ရက်များသာ ။

•••••••••

မဲပေါက်သူ ကံထူးရှင်​စုံတွဲ(၇) တွဲ​ရွေးချယ်ခေါ်ထုတ်​ပြီး လူစုံသွားသည့်​အခါမှာ​တော့​ရေလှိုင်း​လေး​တွေရဲ့​ဘေး သဲ​သောင်​ယံ ကမ်း​စပ်​လေး​ပေါ်မှာ ပျော်​ရွှင်​စရာ Game ပြိုင်​ပွဲ​လေးကို စတင်​ခဲ့သည်​။

အချစ်ဦးသည်သာWhere stories live. Discover now