အခန်း(၄) - အတိတ်​ပုံပြင်​(၃)

3.4K 362 68
                                    

Unicode ‼️

"လှပကြည်​ရွှင်​သူ့သွင်​ပြင်​က
ပုံရိပ်​စွဲထင်​စိတ်​အစဉ်ဝယ်​။

ပန်းဝတ်​ရည်​ဆမ်း သူ့အနမ်းက
ချိုအီအလွမ်း နှုတ်​ခမ်းထက်ဝယ်​။

ထိုထိုအရာ သူ့ကိုသာလျှင်​
တခဏမှ အမြဲထာဝရ
စွဲလမ်း​နေတယ်​
အချစ်ဦးရယ်"

••••အချစ်ဦးသည်သာ••••

အပြာ​ရောင်​ Diary စာအုပ်​လေးရဲ့ စာမျက်​နှာ​တွေ တရွက်​ပြီး တရွက်​ကုန်​လွန်​သွားပြီးနောက်​ ၃ရွက်​မြောက်​စာမျက်​နှာ​လေးမှာကပ်​ထားတဲ့ Snow White မင်းသမီး​လေးနဲ့ မင်းသား​လေးစုံတွဲရဲ့ ကာတွန်းပုံ​လေးကို မြင်​မိ​တော့
ရင်​ခုန်​သလိုလို ရယ်​ချင်​သလိုလိုနဲ့​
သေချာတာ​က ကျွန်​မ ပြုံးလိုက်​မိသည်​။

တကယ်​ဆို အတိတ်​စာမျက်​နှာထက်​က
ကျွန်​မနဲ့ အချစ်ဦးသူရဲ့ Snow White ဇာတ်​လမ်း​လေးက Real story ထက်​အစ​ပေါင်းများစွာ ရင်​ခုန်​စေခဲ့ပြီး လွမ်း​မောတမ်းတ​စေတာ
အ​သေအချာပါ ။

•••••••••

ကျွန်​မတို့​ကျောင်းရဲ့ စာသင်​နှစ်​သစ်​အတွက်​ကြိုဆိုပွဲအ​နေဖြင့်​ပြုလုပ်​ပေးခဲ့တဲ့​ကျောင်းသူ​ကျောင်းသားများရဲ့ ပ​ဒေသာကပွဲ​လေးက အရင်​နှစ်​များနဲ့မတူ တမူ ထူးခြားတဲ့ အစီအစဉ်​လေး
တစ်​ခု ဖြစ်​ခဲ့သည်​။

ထိုပ​ဒေသာကပွဲ​လေးမှာ​ကပြ​ဖျော်​ဖြေရန်​
ကျွန်​မတို့ (Section Bခန်း) အတွက်​ ဆရာဆရာမ​တွေ​ရွေးချယ်​ပေးခဲ့တဲ့ ပြဇာတ်​လေးက​တော့ "Snow White & The Seven Dwarfs" ဆိုတဲ့ စနိုးဝှိုက်​မင်းသမီး​လေးနှင့်​လူပု​လေး၇​ယောက်​ပုံပြင်​လေးပါ။

ပြဇာတ်​အတွက်​သရုပ်​ဆောင်​ရန်​လူ​ရွေးတဲ့ အချိန်​လေးကို အမှတ်​ရမိပါ​သေးသည်​။ လူပု​လေး ၇​ယောက်​ကို​ရွေးတဲ့​နေရာမှာ​တော့ အခက်​အခဲမရှိ​ပေ။ လူပု​လေးအဖြစ်​သရုပ်​ဆောင်​လိုသည့်​အဆင်​ပြေမည့်​ ကျောင်းသား၇​ယောက်​ကို​ရွေးထုတ်​လိုက်​ယုံသာ။

သို့​သော်​အဓိကသရုပ်​ဆောင်​မင်းသားနှင့်​မင်းသမီးကို​တော့ မျှမျှတတဖြစ်​စေရန်​ကျောင်းသူ​ကျောင်းသားများအား စိတ်​ကြိုက်​မဲ​ပေး​စေခြင်းဖြင့်​ရွေးချယ်​ခဲ့​လေသည်​။

အချစ်ဦးသည်သာWhere stories live. Discover now