အခန်း (၇) - အတိတ်​ပုံပြင်​(၆)

2.6K 317 34
                                    

Unicode ‼️

မုန်​တိုင်းထန်​ပြီးရင်​
လေ​ပြေ​လေ​အေး​လေးတွေနဲ့
သာယာလှပတဲ့ ရာသီဥတု​လေး ရနိုင်​သလို
အခက်​အခဲအတားအဆီး​တွေကို
ဖြတ်​ကျော်​ပြီးရင်​လဲ​
ပျော်​ရွှင်​ကြည်​နူးစရာ
အချစ်​ကမ္ဘာ​လေးကို​
ရောက်​နိုင်​ပါတယ်​။

••••••အချစ်ဦးသည်သာ•••••

တကယ့်​ကို မုန်​တိုင်းကင်းစင်​ပြီး ကြည်​လင်​တောက်​ပ​နေတဲ့​ကောင်းကင်​ပြာပြာကြီး နဲ့ သာယာလှပလွန်းတဲ့​နေ့​လေးမှာ ပင်​လယ်​ပြင်​ကြီးထဲက လှိုင်းကြက်​ခွပ်​လေး​တွေ ကမ်းစပ်​ကို​ကပ်​လိုက်​အ​ဝေးကို ပြန်​သွားလိုက်​နဲ့ ပြေးလွှား​ဆော့ကစား​နေတဲ့ပုံ​လေးကကို ချစ်​စရာ​။

ဒီလို သာယာလှပတဲ့​ကြည်​နူးစရာအပြည့်​ရှိတဲ့
ပင်​လယ်​ကမ်း​ခြေလေးမှာ တသက်​မ​မေ့နိုင်​စရာ​ပျော်​ရွှင်​စရာ​လေး​တွေကို အတူတူဖန်​တီးနိုင်​ခဲ့ဖူးတဲ့အတွက်​အရမ်း​လဲ ကျေးဇူးတင်​သလို
အမြဲသတိရ တမ်းတ​နေမိပါတယ်​
အချစ်​ဦးရယ်​ ။

အဲ့ဒီတုန်းက ......

နားလည်​မှုလွဲ အထင်​အမြင်​လွဲခဲ့ ပြဿနာ​တွေ ဖြစ်​ခဲ့ပြီး​နောက်​ဝေးကွာပြီထင်​တဲ့ နှလုံးသား
ချင်းက နားလည်​မှုရကာ ပိုမိုနီးကပ်​သွားခဲ့​တဲ့ အချိန်​မှာတော့ ဖြတ်​သန်းရတဲ့​နေ့ရက်​တိုင်းက တဖန်​ပြန်​လည်​၍ အေးချမ်းသာယာမှုအ​ပေါင်း
နှင့်​ပြည့်​စုံ​နေခဲ့ပါသည်​။

ကျောင်းသားဘ၀ရဲ့​ကျောင်းတက်​ရတဲ့​နေ့ရက်​တွေမှာ သူ့ရဲ့အပြုံးချို​လေး​တွေကို ဆက်​လက်​လက်​ခံရင်း ရင်​ခုန်​ပျော်​ရွှင်​စွာဖြင့်​ဘာအ​နှောက်​အယှက်​မှ မရှိ ပုံမှန်​ပဲ ဖြတ်​ကျော်​နိုင်​ခဲ့တဲ့အပြင်​ တစ်​နေ့မှာ​တော့ သာယာလှပတဲ့ ကမ္ဘာ​လေးကို​ခေါ်​ဆောင်​သွားမဲ့အ​ကြောင်း​သတင်း​ကောင်း​လေး​တစ်​ခုရောက်​ရှိလာခဲ့သည်​။

"တပည့်​တွေအားလုံးပဲ နား​ထောင်​ပေးပါ"

အတန်းထဲကို ဆရာဝင်​လာပီး ဆရာ့အသံကြား​တော့ ဆူညံ​နေတဲ့ အသံ​တွေ လျှက်​တပြက်​တိတ်​ဆိတ်​သွားသည်​။

အချစ်ဦးသည်သာWhere stories live. Discover now