အခန်း(၆) - အတိတ်​ပုံပြင်​(၅)

2.8K 341 57
                                    

Unicode ‼️

အတိတ်​ရဲ့ပုံပြင်​တွေထဲမှာ
​ပျော်​ရွှင်​စရာ​တွေ ရှိမယ်​
ကြည်​နူးစရာ​တွေ ရှိမယ်​
ရင်​နာစရာ​တွေ ရှိမယ်​
​ကြေကွဲစရာ​တွေ ရှိမယ်​

ဘယ်​လို အ​ခြေအ​နေ ဘယ်​လို အခက်​အခဲ​တွေ ဖြစ်ခဲ့ ရှိခဲ့ ကြုံခဲ့ရ​ပေမဲ့ ချစ်​တဲ့အချစ်​စိတ်​က
တိတ်​တိတ်​လေးဝင်​ရောက်​လာခဲ့ပြီး နှလုံးသား​လေးထဲမှာ​အမြစ်​တွယ်​နေခဲ့ပြီဆိုတာကို​တော့ တို့နှစ်​ယောက်​စလုံး အသိဆုံးပဲဆိုတာ
ဘယ်​လိုနည်းနဲ့ ငြင်းဆန်​နိုင်​ဦးမှာလဲ
အချစ်​ဦးရယ်

•••••• အချစ်ဦးသည်သာ ••••••

အဖြစ်​အပျက်​တွေ အတားအဆီး​တွေ အများကြီး​ကျော်​လွန်​ပြီးတဲ့​နောက်​မှာ သူနဲ့ ကျွန်​မ ရင်းနှီးမှု​တွေက​နေတဆင့်​တ​ဖြေး​ဖြေးပိုနီးကပ်​လာတယ်​လို့ ထင်​ခဲ့မိ​ပေမဲ့ အ​နှောင့်​အယှက်​တွေ အဖျက်​အဆီးတွေက ကျွန်​မတို့ကို ပြန်​ပြီး​ဝေးကွာ​စေခဲ့​တော့ အချစ်​စစ်​ရဲ့ လမ်းက​လေးဟာ မ​ဖြောင့်​တန်းဘူးဆိုတာကို ယုံကြည်​လက်​ခံမိခဲ့ပါသည်​။

ကျွန်​မရဲ့ စားပွဲပေါ်မှာ တစ်​နေ့တစ်​မျိုး မရိုးရ​အောင်​ရောက်​ရှိ​နေတဲ့ ကျွန်​မကို crush တဲ့
တခြား အခန်းက စီနီယာ​တွေ ဂျူနီယာ​လေး​တွေ လာပို့ထားတဲ့ ပန်းစည်း​တွေ​ချောကလက်​တွေ အရုပ်​လေး​တွေ အသဲပုံချိုချဉ်​လေး​တွေကလဲ အများအမြင်​မှာ မနာလိုချင်​စရာ​ မျက်​စိ​နောက်​ချင်​စရာ​ကောင်း​ခဲ့သည်​။

ကျွန်​မကို ချစ်​ခင်​တဲ့သူ​တွေ ! လက်​ဆောင်​ပစ္စည်း​တွေ လာပို့ထားတဲ့သူ​တွေကို မချစ်​နဲ့ မပို့နဲ့လို့
ကျွန်​မမှာ​ပြောပိုင်​ခွင့်​မှ မရှိတာ။

သူတို့ရဲ့ စိတ်​နဲ့ သူတို့ရဲ့ လွတ်​လပ်​ခွင့်​ပဲ​လေ ~
ဒါ​ပေမဲ့ မနာလိုသူ​တွေ​ပြောဆိုကြတဲ့ စကား​တွေက​တော့​ကောင်းမွန်​တဲ့ စကားတစ်​လုံးမှ မပါ ထိခိုက်​နစ်​နာ​စေလို​တော့ စကားများသာ။

"အပင်​မြင့်​လေ​လေတိုက်​လေပင်​"

ကျွန်​မက​တော့ မဟုတ်​မမှန်​ပြောဆိုတဲ့သူ​တွေကို ဂရုမစိုက်​မ​ကြောက်​ပေမဲ့ ကျွန်​မချစ်​ရတဲ့ "သူ" ကျွန်​မရဲ့ ရိုးသားဖြူစင်​မှု​တွေကို အထင်​လွဲသွားမှာ​တော့​သေ​အောင်​ကြောက်​မိခဲ့သည်​။

အချစ်ဦးသည်သာWhere stories live. Discover now