အခန်း(၃) - အတိတ်​ပုံပြင်​ (၂ )

3.7K 355 45
                                    

Unicode ‼️

"ချစ်​ခြင်းဟူသည်​"
အကြည့်​တစ်​ချက်​
မျက်ဝန်းတစ်​စုံ
ထို​လောက်​နှင့်​လည်း​လေးနက်​တတ်​စမြဲ ။

"ချစ်​ခြင်းဟူသည်​"
စကားလုံးများ
အထိအ​တွေ့
မရှိလျှင်​တောင်​နူးညံ့ နီးစပ်​တတ်​စမြဲ ။

••• အချစ်ဦးသည်သာ•••

အမှတ်​တမဲ့​တွေ များတဲ့ အချစ်​ဟာ . . .
အမှတ်​တရ ဖြစ်​ဖို့ အထိုက်​တန်​ဆုံးတဲ့လား ?

ကျွန်​မနဲ့ သူ ရဲ့ အဖြစ်​အပျက်​တိုင်းဟာ
အမှတ်​တမဲ့​လေးများက​နေသာ စတင်​ခဲ့ပြီး
အခု​တော့​မေ့မရနိုင်​တဲ့ အမှတ်​တရ​လေးများ အဖြစ်​နှလုံးသားမှာ ကမ္ဗည်းတင်​
မှတ်​တမ်းထိုးထားသလို ကျန်​နေရစ်​ခဲ့​လေသည်​။

ကျွန်​မတို့နှစ်​ယောက်​အတွက်​အမှတ်​တမဲ့က​နေ အမှတ်​တရ ဖြစ်​စေ​သော တိုက်​ဆိုင်​မှု​များစွာရှိသည့်​အနက်​မေ့မရ​နိုင်​ဆုံးကတော့
"​ကျွန်​မကို ပထမဆုံးရင်​ခုန်​တတ်​စေခဲ့သည့်​အကြည့့်တစ်​ချက်​နဲ့ မျက်ဝန်းတစ်​စုံက စခဲ့သည်​"​ဟု ဆိုရမလားပဲ​လေ။

ဇာတ်​လမ်းအစက​တော့ ကျွန်​မရဲ့ ချစ်​လှစွာ​သော အိမ်​မွေး​ကြောင်​မလေး Joy ကို အ​ခြေခံပီး ဖြစ်​တည်​ခဲ့သည်​။

ပူစီ​လေး Joy ရဲ့​ကျေးဇူးနဲ့ ကျွန်​မကို Cry​ချင်​စိတ်​ပေါက်​လောက်​တဲ့ထိ ဖြစ်​ခဲ့တာက​တော့ Joy သူ့ရဲ့ Baby Kitten လေး​တွေ​မွေးဖွားတဲ့​နေ့ပါပဲ။

တိုက်​ဆိုင်​ချင်​တော့ အဲ့ဒီ​နေ့က​ကျောင်းဖွင့်​ပြီး တပတ်​အတွင်းမှာ ပထမဆုံးတင်​ရမဲ့ Assignment တစ်​ခုအတွက်​စာ​တွေ​ရေးရင်း ညနက်​သွားခဲ့သည်​။

​နောက်​ကျမှ အိပ်​ရာဝင်​ခဲ့ရပြီး​ကောင်း​ကောင်းအိပ်​ပျော်​ယုံ ရှိ​သေး၊ ကျွန်​မအထင်​မနက်​၃နာရီ​လောက်​ဖြစ်​မည်​၊  ပူစီမ Joy​ က က​လေး​လေး​တွေ​မွေးချင်​လို့ ကျွန်​မ အိပ်​ရာ​ဘေးမှာ လာ​အော်​နေခဲ့တာ ကျွန်​မလန့်​နိုးရသည့်​အထိပင်​။

"အာ​မွေး​တော့မှာလား မသိဘူး ဒုက္ခပါပဲ"

ကျွန်​မလဲ တငြီးငြီးတညူညူလုပ်​ရင်း
အခန်းထဲရှိ ကတ္ထူပုံးအလွတ်​တစ်​ခုထဲကို အဝတ်​စ​တွေထည့်​ပြီး​မွေး​ဖွားဖို့ လုပ်​ပေးလိုက်​သည်​။

အချစ်ဦးသည်သာWhere stories live. Discover now