အခန်း (၂၃) -ကြည်နူးခြင်းနေ့ရက်များ (၈)

2K 236 109
                                    

Unicode ‼️

❄ပျော်ခဲ့ဖူးသည်
စိတ်လွတ်ကိုယ်လွတ် ...

❄ပြုံးခဲ့ဖူးသည်
လှိုက်လှိုက်လှဲလှဲ ...

❄ရယ်ခဲ့ဖူးသည်
နှစ်ထောင်းအားရ ...

❄ဒါတွေအားလုံး
အချစ်ဦးရှိရာ
ကြည်နူးစရာ
ဟိုတစ်ချိန်တုန်းက ။

••••• အချစ်ဦးသည်သာ ••••••

မျက်စိတဆုံးမြင်နေတဲ့ ကောင်းကင်ပြာပြာကြီးနဲ့ ကမ်းမမြင်လမ်းမမြင်အောင် ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီး အလှချင်းပြိုင်နေပုံကို ကြည့်ရင်း ဘယ်သူ့ကို အနိုင်ပေးလို့ ပေးရမှန်းမသိနိုင်အောင် အခက်တွေ့စေသည်။

ထိုသို့ မိုးနဲ့မြေ သဘာဝအလှတရားတွေက စိတ်နှလုံးကို ညို့ယူဖမ်းစားထားလိုက်ပုံများ တိမ်းမောရစ်မူးစရာ။

လေသွဲ့သွဲ့လေးတိုးဝှေ့သွားလိုက်တိုင်း ဒီလူသားရဲ့ အသိစိတ်ဝိညာဉ်က အေးချမ်းစွာ စီးမျောလိုက်ပါသွားလိုက်တာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သာသာယာယာလေးသာ ။

လေပြေလေးခေါ်ဆောင်သွားရာ နောက်ကို မျက်လုံးလေးဖြေးဖြေးမှိတ်ရင်း စိတ်အစဉ်က လိုက်ပါသွားတော့ အဆုံးသတ်မှာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံက မြန်လာလိုက်တာ အချစ်ဦးရှိရာ ကြည်နူးစရာ ထိုအချိန်လေးဆီ ရောက်သွားခိုက်မှာပေါ့ ။

အဲ့အချိန် အဲ့ဒီတုန်းက ပတ်ဂျီမင်း ဆိုတဲ့ ကျွန်တော့်ကို The Most Beautiful & Playful Couple in Beach ဆိုတဲ့ ဆုလေးရအောင် နှစ်ယောက်အတူ တက်ညီလက်ညီနဲ့ ကြိုးစားယှဉ်ပြိုင် ဆော့ကစားပေးခဲ့တာ ..

ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ဖြစ်အောင် ဖန်တီးပေးခဲ့ဖူးတာ

"ဟန်ဆုယောင်း" ဆိုတဲ့ ကောင်မလေးသာ။

ချစ်တယ် ....
မြတ်မြတ်နိုးနိုးချစ်တယ်

ချစ်တယ် ...
စွဲစွဲလမ်းလမ်းနဲ့ တမ်းတမ်းတတ
ဖြစ်နေလောက်အောင် ချစ်တယ်

ချစ်တယ် ...
အရူးအမူးကို ချစ်ပါတယ်
အချစ်ဦးရယ် ။

ထိုစဉ်အခါက

အချစ်ဦးသည်သာWhere stories live. Discover now