အခန်း (၂၈) - ချစ်မေတ္တာဟူသည် (၃) (💝Valentine Day Special💝)

2.5K 236 207
                                    

Unicode ‼️

အမှတ်တမဲ့မှသည်
အမှတ်တရအဖြစ်သို့
တို့နှစ်ယောက်ကြား
နူးညံ့သောအပြုံးလေးများ ဖလှယ်ခဲ့ဖူးသည် ။

အမှတ်တမဲ့မှသည်
အမှတ်တရ အဖြစ်သို့
တို့နှစ်ယောက်ကြား
ခမ်းနားသောရင်ခုန်သံများ ဖြစ်ထွန်းဖူးသည်။

အမှတ်တမဲ့မှသည်
အမှတ်တရ အဖြစ်သို့
တို့နှစ်ယောက်ကြား
ချိုမြန်သောနေ့စွဲလေးများ ရှိခဲ့ဖူးသည်။

••••• ♡အချစ်ဦးသည်သာ♡ •••••


ဂျီမင်း Pov:

ချစ်ရသော သူမအကြောင်းတွေကသာ တညလုံး
စိုးမိုးထားခဲ့ပြီး တော်ယုံနဲ့ အိပ်မရခဲ့ ။

ဝေးကွာခဲ့ရတဲ့ နေ့တွေ လွမ်းဆွတ်ခဲ့ရတဲ့နေ့တွေကြောင့် နာကျင်စွာ ခံစားတမ်းတ ခဲ့ရတာတွေက မနေ့တနေ့ကလို။

အခုတော့ ထိုအရာအားလုံး နိဂုံးချုပ်စေဖို့ အချစ်ရဆုံးသူမကို ပြန်လည်ရှာတွေ့ခဲ့ပြီ။

ထို့အပြင် သူမနှင့် အတိတ်ကကဲ့သို့ Couple Game လေးကိုတောင် အမှတ်တရဖြစ်စွာ ထပ်မံကစားနိုင်ခဲ့သည်။

သူမရဲ့ အထိအတွေ့လေးတွေ၊ သူမရဲ့ ရနံ့လေးတွေ၊ သူမအပြုံးနုလေးတွေ ၊ သူမ ရယ်သံလွင်လွင်လေးတွေ၊ သူမစကားသံချိုချိုလေးတွေ စသည်ဖြင့် စွဲလမ်းခဲ့ရသည့် သူမဖြစ်တည်မှုလေးတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့သည် ။

"အား .... သိပ်ပျော်တာပဲကွာ"

မျက်လုံးလေးတွေ မှေးမှိတ်သွားသည်အထိ အားရပါးရပြုံးရယ်နေတဲ့ အသွင်သဏ္ဌာန်လေး။

ရင်ထဲက ပျော်ရွှင်ခြင်း အစစ်အမှန်တွေ ပွင့်အံထွက်ကျလာခြင်း ဖြစ်ကြောင်းမှာလဲ အသံချိုလေးကို နားထောင်ကြည့်ယုံနဲ့ သိသာနေလိမ့်မည်။

ဖက်လုံးကြီး ခွထားရင်း ကုတင်ထက်ဝယ် လူးကာလှိမ့်ကာဖြင့် သူမမျက်နှာလေး ပြေးမြင်မိရင် တခါပြုံးလိုက်မိ ၊ သူမအသံလေး နားထဲ ကြားယောင်မိရင် တခါပြုံးလိုက်မိ ၊ အဖီးလ်လွန်ပြီး ထထအော်လိုက်နဲ့ အပြုံးလွန်နေသော၊ အပျော်လွန်နေသော မျက်နှာကြီးက ဘယ်လိုမှကို မျက်နှာပိုးသပ်မရတော့ ။

အချစ်ဦးသည်သာWhere stories live. Discover now