အခန်း(၁၉) - ကြေကွဲခြင်းနေ့ရက်များ(၄)

2.3K 282 111
                                    

Unicode‼️

အတိတ်ဆိုတာ ပြန်မရပေမဲ့
တမ်းတမိတိုင်း လွမ်းတယ်။

ပစ္စုပ္ပန်မှာ မင်းမရှိပေမဲ့
တောင်းတမိတိုင်း ဝမ်းနည်းတယ်။

အနာဂါတ်မှာ မင်းရှိလာမလားလို့
မျှော်လင့်မိတိုင်း ရင်မောတယ်။

••••• အချစ်ဦးသည်သာ •••••

အားကစားနည်းပြဆရာနှင့်အတူတူ ဆရာခေါ်ဆောင်ရာလိုက်ပါရင်း ရောက်ရှိလာတာကတော့ Basket Ball ပြိုင်ပွဲတိုင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့နေရာဖြစ်သလို အတိတ်ရဲ့ ပျော်ရွှင်စရာတွေရော နာကျင်စရာတွေပါ ရောပျွမ်းနေတဲ့ အမှတ်တရ များစွာရှိတဲ့ အားကစားခန်းမဆောင်ကြီး။

ကစားဖူးခဲ့သမျှ Basket Ball ပွဲတိုင်းကို စိတ်ပျော်ရွှင်တက်ကြွစွာ ကစားခဲ့နိုင်သလောက် နောက်ဆုံးကစား ဖြစ်ခဲ့တဲ့ပွဲနေ့လေးကတော့ ပျော်ရွှင်မှုနဲ့ ဆန့်ကျင်ဘက် အနာကျင်ရဆုံး။ ရင်အနာရဆုံး။

အားကစားခန်းမကြီးကိုမြင်တွေ့ရာမှ အရင်းတည်၍ မတွေးဘဲ တမင်မေ့ထားခဲ့တဲ့ အကြောင်းလေးတွေဆီ အတွေးတွေက ချာချာလည်ရင်း ပြန်ရောက်ရှိသွားလေတော့ ဦးစွာပြေးမြင်မိတာက မျက်ရည်စတွေ ဝေ့ကာဝဲနေခဲ့တဲ့ မင်းမျက်နှာလေးပါ။

"ကျေးဇူးပြု၍ ... မငိုပါနဲ့ ကလေးရယ် "

အရမ်းချစ်မိတဲ့ တစ်ဦးတည်းသော
ချစ်ရသူ ကောင်မလေး။

သူမဟာ ကျွန်တော့်အပိုင်ဆိုပြီး တလောကလုံးသိအောင် ကြေညာမောင်းခတ်ရင်း ဘယ်သူမှ မျက်စမပစ်နိုင်အောင် ဘယ်သူမှ လုယူဖို့ မကြိုးစားနိုင်အောင် ရင်ခွင်ထဲမှာပဲ ထည့်သိမ်းထားချင်ပေမဲ့

ငယ်ရွယ်စဉ် စိတ်ကစားတာမဟုတ်တဲ့ စစ်မှန်တဲ့အချစ်ဖြစ်ကြောင်း သက်သေပြရန်က အချိန်မကျသေးသလို

အလေးအနက်တန်ဖိုးထားတဲ့ ချစ်မြတ်နိုးမှုကို ပေါ့ပေါ့လေးသာ အထင်မှားမှာဆိုးမိသည်က တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့်အချစ်တွေကို ဖွင့်ဟ ဝန်ခံနိုင်စွမ်း မရှိသေးချိန်တုန်းကတော့

အချစ်ဦးသည်သာWhere stories live. Discover now