အခန်း(၁၅) - အတိတ်ပုံပြင်(နိဂုံး)

2.3K 256 41
                                    


Unicode ‼️

** ပထမဆုံး အချစ်စစ်နဲ့ချစ်ခဲ့ဖူးတဲ့
အချစ်ဦးကို ဘယ်လိုမှ မေ့ပျောက်လို့မရနိုင်သလို **

**ပထမဆုံး နမ်းခဲ့ဖူးတဲ့ အနမ်းလေးကလဲ
ချိုမြိန်ယစ်မူးစွာဖြင့် နှလုံးသားထဲမှာ
မဟောင်းနွမ်းပဲ သစ်လွင်နေဆဲမို့**

**အခုချိန်ထိ ရင်ခုန်သံတွေ ပျိုမြစ်နေပါတယ်
တချိန်တုန်းက အဦးဆုံး ချစ်သူရယ်**

•••••• အချစ်ဦးသည်သာ ••••••

အချစ်ဦးရဲ့ မွေးနေ့ရက်မြတ်လေးကို အမှတ်တရများစွာဖန်တီးရင်း အတူတူဖြတ်သန်းနိုင်ခဲ့တာ တသက်တာအတွက် ထာဝရအမှတ်ရနေစရာလေးဖြစ်ခဲ့ပေမဲ့

ထိုနေ့ရက်လေးဟာ သူ့အနားမှာ နေခွင့်ရခဲ့တာ
သူ့မျက်နှာလေးကို မြင်နိုင်ခွင့်
သူ့အသံလေးကို ကြားနိုင်ခွင့်
သူ့အထိအတွေ့လေးကို ခံစားခွင့်ရခဲ့တာ
နောက်ဆုံးဆိုတာ သိခဲ့ရရင် ~~

ဒါ့အပြင်

မွေးဖွားကထဲက အမှီသဟဲပြုပြီး
ကြီးပြင်းလာခဲ့တဲ့ ဘူဆန်မြေ ...
သောက်သုံးလာခဲ့တဲ့ ဘူဆန်ရေ...
ရှုရှိုက်ခဲ့တဲ့ဘူဆန်လေ တို့ကိုပါ
ခံစားထိတွေ့ခွင့် မရှိနိုင်တော့ဘူးဆိုတာကိုပါ
သိခဲ့ရတဲ့ အချိန်မှာရော

ကျွန်မ မတွေးချင်ဆုံး အဲ့ဒီနေ့ကအကြောင်း ဦးနှောက်ထဲက မေ့ထားချင်ခဲ့တဲ့ နေ့လေးအကြောင်းက အခုတော့ အတွေးအာရုံထဲ ပြန်လည်ဝင်ရောက်လာခဲ့လေပြီ ...။

အတိတ်ပုံပြင်တွေ ဖြစ်တည်ခဲ့ရာ
ထိုနေ့လေးဆီသို့ ...။

•••••••••••••

"မေမေ... သမီးမသွားဘူး မလိုက်ဘူး အခုကားပေါ်က ဆင်းမယ်"

ငိုကြွေးရင်း ကားပေါ်က ဆင်းဖို့ အတင်းကြိုးစားနေခဲ့တဲ့ ကျွန်မ။

ဘူဆန်မြေကို အပြီးအပိုင် စွန့်ခွာပြီး ဘိုးဘွားတွေရဲ့ ဆန္ဒအရ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရတော့မယ်ဆိုတာကို လေဆိပ်ကို သွားနေတဲ့ လမ်းပေါ်ရောက်မှ သိခဲ့ရတဲ့ ကျွန်မ ။

ကျွန်မ မသိအောင် အရာရာ စနစ်တကျ ဖုံးဖိစီစဉ်ပြီး အိမ် ခြံဝိုင်း အားလုံးရောင်းချခဲ့ပြီး အခုလေဆိပ်သွားနေကာမှ ကျွန်မကို ပြောပြခဲ့တဲ့ မိဘနှစ်ပါး ။

အချစ်ဦးသည်သာWhere stories live. Discover now