အခန်း(၁၈) - မြတ်နိုးခြင်းနေ့ရက်များ(၃)

2.4K 261 142
                                    

Unicode ‼️

လွမ်းတယ်
အကြည့်လေးတွေကို
ထို့ကြောင့် တမ်းတပါတယ်
သူမရဲ့ မျက်ဝန်းလေးကို ။

လွမ်းတယ်
အပြုံးလေးတွေကို
ထို့ကြောင့် တမ်းတပါတယ်
သူမရဲ့ မျက်နှာလေးကို ။

လွမ်းတယ်
အနမ်းလေးတွေကို
ထို့ကြောင့် တမ်းတပါတယ်
သူမရဲ့ နှုတ်ခမ်းလေးကို ။

••••• အချစ်ဦးသည်သာ •••••


ကျောင်းအဝန်းအဝိုင်းကြီးထဲ လျှောက်ကာသွားရင်း ရောက်ရှိလာခဲ့ပြန်တာကတော့ ကပွဲတွေကျင်းပရာ ဗဟိုခန်းမဆောင်ကြီး ။

ကြီးမားခမ်းနားတဲ့ ခန်းမဆောင်ကြီးက လွန်စွာထည်ဝါနေသေးသည်။

အနီရောင် လိုက်ကာကြီးတွေနဲ့ အလှဆင်ထားတဲ့ Stage စင်မြင့်အကြီးကြီးက ရှုလို့မဝနိုင်အောင် ညို့ယူထားနိုင်သေးသလို

နိမ့်ရာခုံပုလေးတွေမှသည် အထပ်သို့ တဖြေးဖြေးမြင့်ကာသွားသည့် ခုံတန်းပုံစံဖြင့် ဒီဇိုင်းဖော်ထားသည့် ပွဲကြည့်ပရိတ်သတ်စင်ကလည်း ခုထိ အဆင့်မြင့်ကာ လှပနေသေးသည်။

ထိုထိုင်ခုံတွေရဲ့ အလယ်လျှောက်လမ်းမှသည် အမြင့်ဆုံးခုံထိ လျှောက်ကာ ရောက်အောင်သွားရင်း နောက်ဆုံးနေရာတွင် ဝင်ထိုင်လိုက်မိတော့ စိတ်ထဲမှာ ခံစားသွားမိတာက တကယ့် ကပွဲကျင်းပတော့မည့် အချိန်တစ်ခုကို ရောက်ရှိသွားသလိုလို။

ထိုအခိုက် မျက်လုံးထဲ မြင်ယောင်လာမိတာကတော့
အဝါနဲ့အပြာရောင်စပ်ကြား ဂါဝန်လေး ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်လေးထက်မှာ အနီရောင်ဖဲပွင့် ဘီးကုတ်လေးကို ပန်ဆင်ထားတဲ့

#ကျွန်တော့်ရဲ့ ချစ်စရာစနှိုးဝိုက် မင်းသမီးလေး#

အတိတ်ကာလတွေဟာ လွမ်းမောတမ်းတစရာ
သိပ်​ကောင်းခဲ့ပြန်ပါတော့သည်။

•••••••••

စာသင်နှစ်သစ်ကို ကြိုဆိုသည့်အနေနဲ့ ပျော်ပွဲရွှင်ပွဲလေးအဖြစ် ကျောင်းသူကျောင်းသားများရဲ့ ပဒေသာကပွဲကို နှစ်စဉ်ကျင်းပပေးလေ့ရှိပြီး
ထိုပြုလုပ်ပေးလေ့ရှိသည့် အစဉ်အလာလေးမှာ လွန်စွာနှစ်သက်ဖွယ် ကောင်းခဲ့ပါသည်။

အချစ်ဦးသည်သာWhere stories live. Discover now