အချိန်ရာသီ စက်ဝန်းတစ်ခု.....
နွေဦးမှ နွေ....နွေမှ ဆောင်းဦး....ဆောင်းဦးမှ ဆောင်း......သုံးနှစ်!!!!
ထို သုံးနှစ်ဟူသော အချိန်အလှည့်အပြောင်းတစ်ခုမှာ....
မပြောင်းလဲသော အရာများရှိနေသလို ပြောင်းလဲသွားခဲ့တာတွေလဲ ရှိသည်.....
____________________________အမေမဲ့သားတစ်ယောက်!!!
ဖခင်ကလဲ ရှိတယ်ဟုပဲ ဆိုရုံလောက်.....သူ၏ မိဘများ၏ အရှိန်အဝါများကြောင့် သူ့နံဘေးတွင် သူ၏လိုအင်များကို ဖြည့်ဆည်းပေးရန် လူအများရှိနေပါသော်လဲ စိတ်ရင်းအမှန်ဖြင့် စောင့်ရှောက်ပေးသူက နည်းလှသည်...
ထိုသို့သော လူများအကြား ကိုယ့်ကိုကိုယ် ထိန်းကြောင်းရင်းပင် ကိုယ့်စိတ်ဓာတ်များကို ရဲရင့်လာအောင် မာကြောလာအောင် ရင့်ကျက်လာအောင် အချိန်ကပဲ သင်ကြားပေးခဲ့သည်...
ထို့ကြောင့် Byun BaekHyunဆိုသော ကောင်လေးမှာ အသက် ၁၃နှစ် နှင့် မလိုက်ဖက်စွာ ရင့်ကျက်လွန်းလှပြီး တည်ငြိမ်လှသည်....
ယခင်ကလို အမေကို လွမ်းတိုင်း ငိုတတ်သော မျက်ရည်လွယ်တတ်သော ကလေးမဟုတ်တော့...
ရယ်စရာကြုံလာတိုင်း မျက်လုံးလေးပိတ်သည်အထိ လေးထောင့်ပုံနှုတ်ခမ်းလေးဖြစ်အောင် ရယ်တတ်သော ကောင်ကလေး မဟုတ်တော့...
ကလေးဆန်သော ပူဆာမှုများ ဂျစ်တိုက်မှုများမှာ သူနှင့် လားလားမှ မဆိုင်တော့သည့်နှယ်........
_____________________________
Chanyeol's povBaekhyunဆိုတဲ့ ကလေး...
တကယ်သနားဖို့ကောင်းတယ်...
Na Na arjima nimဆုံးသွားတုန်းက ညတိုင်း အိပ်မက်တွေနဲ့ အမြဲခြောက်ခြားနေပြီး မနက်တိုင်း မျက်ရည်တွေနဲ့ နိုးထလာခဲ့တာ....
TaeHyun arjushi ဝန်ကြီးချုပ်ရာထူးက ရပ်ဆိုင်းခံရတုန်းကလဲ သူ့အဖေ ဝါသနာပါတဲ့ အလုပ် စွန့်လွှတ်လိုက်ရပီဆိုပြီး ညလုံးပေါက် ငိုခဲ့တဲ့ ကလေး....
နေ့တိုင်း ဆေးရုံကိုသွားပြီး သူ့အဖေကို ထခိုင်းနေခဲ့တာ...
ဒါပေမဲ့...
သူလဲ စောင့်ရလွန်းလို့လား...ခံစားရပါများလို့လား မသိ....
အခုတော့ သူ့အဖေ ဆေးရုံကို နေ့တိုင်းသွားပြီး သူ့အဖေလက်ကို လှုပ်ပြီး နှိုးနေတဲ့ ကလေးမဟုတ်တော့ဖူး....
ပျက်ဆီးလုနီးပါး အခြေအနေမှာ ပြန်လည် အသက်ကယ်ထားရတဲ့ သူ့အဖေရဲ့ လုပ်ငန်းတွေကို သူ့အရွယ်လေးနဲ့ မလိုက်မဖက် ကျွန်တော့်အဖေဆီမှာ သင်ယူနေပြီ...
ကျွန်တော် အသက် ၁၈နှစ်မှာတောင်မရှိတဲ့ ရင့်ကျက်မှုတွေက ၁၃နှစ်အရွယ်ကလေးဆီမှာ ရှိနေပီဆိုတော့ သူ့ရဲ့ ရင်ထဲ ဘယ်လောက်တောင် ခံစားခဲ့ရမလဲ ဆိုတာ မှန်းဆလို့တော့ ရမယ် ထင်ပါတယ်.....
______________________________
![](https://img.wattpad.com/cover/71787564-288-k975544.jpg)
BẠN ĐANG ĐỌC
Forgive Me Not{HAITUS}
Lãng mạnJuz think about LOVE when compared with other... Love and self-belief is the way to free from this life. Don't doubt. Believe it! ChanBaek Yaoi