Ep.18[Rated M]

3.3K 152 0
                                    

ခံစားချက်​​တွေရဲ့ ပြုစားမှု​က ဦး​ဏှောက်​ရဲ့ အသိဥာဏ်​ကို ထိန်းချုပ်​မှု ကင်းလွှတ်​​စေတယ်​......
ဦး​ဏှောက်​​တွေက အသိဥာဏ်​ကင်းမဲ့​စေ​တော့ နှလုံးသားကပါ အထိအ​တွေ့ရဲ့ အပြုစားကို ခံလိုက်​ရတယ်​....
နစ်​မွန်းသွားတဲ့ အထိအ​တွေ့​တွေ​ကြောင့်​ ရမက်​ဆိုတဲ့ နွံ​တောထဲမှာ ​ယောင်​ချာချာနဲ့ လမ်း​ပျောက်​သွားခဲ့တယ်​.....

"Park ChanYeol shi ​ဆေးရပါပီ...."

ရုတ်​တရပ်​ တိတ်​ဆိတ်​မှုကို ဖြိုခွင်းလိုက်​​သော အသံ​ကြောင့်​ BaekHyun​ရော ChanYeol​ရော အသံလာရာဖက်​သို့ လှည့်​ကြည့်​မိလိုက်​ကြသည်​....

"ကျွန်​​တော့်​ကို​ပေး!!!!ကျွန်​​တော်​ လိမ်း​ပေးလိုက်​မယ်​...."

"ဟုတ်​ကဲ့ အဲ့တာဆို သွားလိုက်​ပါဦးမယ်​...."

ဆေးလိမ်းဖို့အတွက်​ Hyung ထိုင်​​နေတဲ့ Sofa ​ရှိရာကို သွားရင်း Hyungနဲ့ ​ဘေးချင်းကပ်​ ထိုင်​လိုက်​သည်​....

ထိုအခါမှ ​သေချာ ​တွေ့လိုက်​ရ​သော Hyung မျက်​နှာက ကျွန်​​တော့်​ရင်​ကို ဆွဲစုတ်​​နေသလိုပင်​!!!!!

ကျွန်​​တော်​ချစ်​​သော Hyung နှုတ်​ခမ်းဖူးဖူး​လေးမှာ
ကျွန်​​တော့်​​ကြောင့်​ဖြစ်​​သော နှုတ်​ခမ်း​ပေါက်​ရာနှင့်​....

ကျွန်​​တော်​မြတ်​နိုး​သော Hyung ပါးပြင်​မှာ
ကျွန်​​တော့်​အတွက်​​ကြောင့်​ဖြစ်​​သော အညိုအမဲတို့နှင့်​....

ကျွန်​​တော်​ချစ်​ရမြတ်​နိုးရပါ​သော Hyungရဲ့ မျက်​နှာက
ကျွန်​​တော့်​မိုက်​မဲမှု​ကြောင့်​ဖြစ်​​သော ဒဏ်​ရာများစွာနှင့်​.....

ချစ်​သူမျက်​နှာက ဒဏ်​ရာကိုကြည့်​​လေ​ကြည့်​​လေ
ကိုယ့်​ကိုကိုယ်​ ပိုအပြစ်​တင်​မိသည်​....

ချစ်​သူမျက်​နှာကို မြင်​​လေမြင်​​လေ
ကိုယ်​သာ အစားဖြစ်​လိုက်​မိချင်​သည်​....

ဖြစ်​ပြီးသား ကိစ္စအတွက်​ ​နောက်​ပြန်​လည်​လို့မရမှန်းသိရက်​နှင့်
နောင်​တရ​နေမိသည်​...

ကျွန်​​တော်​သာ Minaကို လက်​ခံစကား မ​ပြောခဲ့လျှင်​....

အစကတည်းက မသိဖူးဆိုပြီး ငြင်းလွှတ်​ခဲ့လျှင်​......

Forgive Me Not{HAITUS}Where stories live. Discover now